တိုင်းပြည်သာယာဝပြောမည်ဆိုပါက လက်ရှိအခြေအနေထက် အဆပေါင်းများစွာ တိုးတက်ရန် အခွင့်အလမ်းရှိသဖြင့် တိုင်းပြည်သာယာဝပြောရေးအတွက် မိမိတို့အနေဖြင့် မဆုတ်မနစ်သော ဇွဲ၊ လုံ့လများဖြင့် ဆောင်ရွက်ကြရန်လို

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ 
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် 
တိုင်းဥက္ကဋ္ဌများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား

 

နေပြည်တော်   ဇန်နဝါရီ   ၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် သည်  ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ    နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌   ပြည်ထောင်စုဝန်ကြီးများ၊   နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌ များအား  တွေ့ဆုံလမ်းညွှန်   အမှာစကားပြောကြား သည်။ 

 


တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်း၊  ကောင်စီအတွင်းရေးမှူးနှင့်  တွဲဖက် အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ တက်ရောက် ကြသည်။

 


(၇၅)  နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ကို
ခမ်းနားစွာဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် သမိုင်းတွင် 
ဖျောက်ဖျက်မရနိုင်သည့် မှတ်ကျောက်တစ်ခုဖြစ်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က  လမ်းညွှန်အမှာစကား    ပြောကြားရာတွင်မိမိတို့နိုင်ငံ၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အစိုးရ အဖွဲ့၏ ထင်ရှားသောသမိုင်းမှတ်ကျောက် တင်နိုင်ခဲ့ သည့် အခမ်းအနားတစ်ခုပင်ဖြစ်ကြောင်း၊ အခက်အခဲ ပေါင်းများစွာကြားမှ နိုင်ငံတော်ကို ယခုကဲ့သို့သော အခြေအနေသို့   ရောက်ရှိအောင်    အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးများ၊     တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့်  တိုင်းဥက္ကဋ္ဌများကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကို ခမ်းနားစွာဖြင့် အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင် ခဲ့ခြင်းသည်    နိုင်ငံအတွက်   သမိုင်းမှတ်ကျောက် တင်နိုင်ခဲ့ခြင်းဖြစ်ပြီး မည်သို့မျှ ဖျောက်ဖျက်၍ ရမည် မဟုတ်ကြောင်းနှင့်  ကောင်းမွန်သည့်  မှတ်ကျောက် တစ်ခုတင်နိုင်ခဲ့ခြင်းအတွက် များစွာဂုဏ်ယူဝမ်းမြောက် ပါကြောင်း။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးရည်မှန်းချက်နှင့် အမျိုးသားရေး ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိ
မိမိတို့နိုင်ငံလွတ်လပ်ရေးရရှိသည်မှာ ၇၅ နှစ်တာ ကာလရှိပြီဖြစ်ပြီး   လွတ်လပ်ရေးနေ့   အခမ်းအနား မိန့်ခွန်းတွင်လည်း မိမိတို့နိုင်ငံ၏ သမိုင်းကိုထင်ဟပ် ရန်နှင့်    နိုင်ငံ၏အနာဂတ်အတွက်   ထည့်သွင်း ပြောကြားခဲ့ကြောင်း၊ ပွင့်ပွင့်လင်းလင်းဖြင့် တိုင်းပြည် ကို အသိပေးသကဲ့သို့ ကမ္ဘာကိုလည်း အသိပေးလိုက် ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိန့်ခွန်းကို အလေး အနက်ထား လေ့လာကြစေလိုကြောင်း၊ ဖြတ်သန်းခဲ့ သည့် အတွေ့အကြုံများအရ နိုင်ငံရေးအရရည်မှန်းချက်များဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်  ခိုင်မာစွာဖြစ်ပေါ်ရေး၊  ဒီမို ကရေစီနှင့်      ဖက်ဒရယ်စနစ်ကို     အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို     ရည်မှန်း ဆောင်ရွက်လျက်ရှိကြောင်း၊    နိုင်ငံရေးစနစ်အရ ပါတီစုံဒီမိုကရေစီစနစ်ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အုပ်ချုပ်ရေးပုံစံစနစ်အရ    ဒီမိုကရေစီအုပ်ချုပ်ရေး နှင့် ဖက်ဒရယ်အုပ်ချုပ်ရေးကို ပေါင်းစပ်ထားသည့် အုပ်ချုပ်မှုပုံစံကို သွားရမည်ဖြစ်ကြောင်း၊ တိုင်းရင်း သားအားလုံး၊  ပြည်သူများအားလုံးနှင့်  နိုင်ငံသား အားလုံးက လိုလားသည့် အုပ်ချုပ်ရေးစနစ်ပင်ဖြစ် ကြောင်း၊ အလားတူ အမျိုးသားရေးရည်မှန်းချက်များ အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် တိုင်းပြည် စားရေရိက္ခာဖူလုံရေး  စသည့်ရည်မှန်းချက်များကို ချမှတ်အကောင်အထည်ဖော်    ဆောင်ရွက်လျက် ရှိကြောင်း။

 


တိုင်းပြည်သာယာဝပြောရေးဆိုသည်မှာ မိမိတို့နိုင်ငံလွတ်လပ်ရေးရရှိချိန်မှစ၍ ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများပေါ်ပေါက်ခဲ့ပြီး ဆိုးရွားကြမ်းတမ်းခဲ့ သည့် ကာလများ၊ တည်ငြိမ်အေးချမ်းမှု အသင့်အတင့် ရှိခဲ့သည့် ကာလများကို ဖြတ်သန်းခဲ့ရကြောင်း၊ ယနေ့ ထက်တိုင်   ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှုမရှိသေးကြောင်း၊ ထို့ကြောင့် တိုင်းပြည် သာယာဝပြောရေးအတွက်   မလွဲမသွေလိုအပ်ချက် ဖြစ်ပြီး အဓိကဖြစ်သည့်ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ဦးတည်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မိမိတို့ ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင်လည်း ထည့်သွင်းချမှတ် ဆောင်ရွက်ထားကြောင်း၊ တိုင်းပြည်သာယာဝပြော မည်ဆိုပါက လက်ရှိအခြေအနေထက် အဆပေါင်း များစွာတိုးတက်ရန် အခွင့်အလမ်းရှိသဖြင့် တိုင်းပြည် သာယာဝပြောရေးအတွက် မိမိတို့အနေဖြင့် မဆုတ် မနစ်သောဇွဲ၊     လုံ့လများဖြင့်   ဆောင်ရွက်ကြရန် လိုကြောင်း၊   စိတ်သဘောထားကြီးစွာ၊   စိတ်ရှည် သည်းခံစွာဖြင့် ဆောင်ရွက်ရမည့် ကိစ္စပင်ဖြစ်ကြောင်း။

 


ဒီမိုကရေစီအုပ်ချုပ်ရေးနှင့်   ဖက်ဒရယ်စနစ်နှင့် ပတ်သက်၍  ဒီမိုကရေစီဆိုသည်မှာ   အများ၏ဆန္ဒ အတိုင်း  ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့  အနည်းစု၏ ဆန္ဒကိုလည်း   အလေးထားဆောင်ရွက်ရမည်ဖြစ် ကြောင်း၊  အများ၏ဆန္ဒဆိုတိုင်း   လူနည်းစု၏ဆန္ဒကို ပစ်ပယ်၍ ပြုမှုလုပ်ဆောင်ခဲ့မှုများကြောင့် မိမိတို့နိုင်ငံ တွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး စည်းလုံး ညီညွတ်မှုများ ပျက်ပြားခဲ့သည်ကို သမိုင်းဖြစ်ရပ်များ ကဖော်ပြနေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဒီမိုကရေစီစနစ်ကို   မှန်ကန်စွာ    သိရှိနားလည်ပြီး ဆောင်ရွက်ကြရန်လိုကြောင်း။
အလားတူ       ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်နှင့် ပတ်သက်၍လည်း   သက်ဆိုင်ရာအဆင့်အလိုက်၊ ဒေသအလိုက် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြု ရေးအပါအဝင် စီမံခန့်ခွဲမှုများ အားလုံးကိုမျှတစွာဖြင့် အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်      ပြည်နယ်အားလုံး၊    ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအားလုံး တစ်ပြေးညီ ခံစားခွင့်ပေး ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး ဥပဒေများ ရေးဆွဲပြီးဆောင်ရွက်နိုင်ရန်  မူအားဖြင့်  သဘောတူ ပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၏ အဓိကပင်မ ဥပဒေဖြစ်သည့်   ဖွဲ့စည်းပုံအခြေခံဥပဒေကို  အခြေ တည်၍    ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ   ဆောင်ရွက်နိုင်ရန် လုပ်ပိုင်ခွင့်အတွင်းမှဆောင်ရွက်နိုင်ရန် အခြေအနေ များပေးခဲ့ကြောင်း၊   အဆိုပါ    လုပ်ပိုင်ခွင့်များကို အသုံးချနိုင်ခဲ့သဖြင့်      အောင်မြင်မှုများရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးတွင်လည်း တိုင်း ဒေသကြီးနှင့်  ပြည်နယ်များအလိုက်   ဆောင်ရွက်ခဲ့ ခြင်းကြောင့်  ဆောလျင်စွာ  တည်ငြိမ်မှုများရရှိခဲ့ခြင်း ဖြစ်ကြောင်း၊   ရှေ့ဆက်၍လည်း   ခိုင်ခိုင်မာမာဖြစ် အောင် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

 


နိုင်ငံ့စီပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိ


မိမိတို့နိုင်ငံ     စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ တပ်မတော်အစိုးရ လက်ထက်ကတည်း က ဈေးကွက်စီးပွားရေးစနစ်ကို  လမ်းခင်းဆောင်ရွက် ပေးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် ဒီမိုကရေစီစနစ် စတင် လျှောက်လှမ်းချိန်၌လည်း ဈေးကွက်စီးပွားရေးစနစ် ကို ဆက်လက်ကျင့်သုံးခဲ့ရာ အစိုးရပထမ သက်တမ်း ငါးနှစ်အတွင်း   နိုင်ငံ၏   GDP   တိုးတက်မှုနှုန်းမှာ ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ  တိုးတက်ခဲ့ကြောင်း၊ ဒုတိယအစိုးရသက်တမ်းတွင်  ၃ ဒသမ ၂  ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ကြောင်း၊ ထိုသို့  စီးပွားရေးကျဆင်းခဲ့ မှုများကို  စီးပွားရေးကဏ္ဍမှ  တာဝန်ရှိသူများအနေဖြင့် လေ့လာရန်လိုကြောင်း၊ စီးပွားရေးကျဆင်းခဲ့မှုများမှာ ပြည်ပ၏အကူအညီ  အထောက်အပံ့များကို   မှီခိုမှု များပြားခြင်းနှင့် ပြည်တွင်းစီးပွားရေးကို အားပေးမှု မရှိခြင်း၊ စီမံခန့်ခွဲမှုအားနည်းချက်များ ရှိခြင်းကြောင့် စီးပွားရေးကျဆင်းခဲ့သည်ဟု ယူဆကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်တာဝန် များကို   စတင်ထမ်းဆောင်ချိန်တွင်   ယခင်အစိုးရ လက်ထက်မှ    စီးပွားရေးကျဆင်းခဲ့မှု၊   ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ကမ္ဘာ့စီးပွားရေးကျဆင်းခဲ့မှုများကြောင့် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ ကြောင်း၊ သို့သော်မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ       ဆောင်ရွက်ခြင်းနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို     အားပေး ဆောင်ရွက်ခဲ့ရာ ၂၀၂၁-၂၀၂၂ ခုနှစ် ပထမ ၆ လတာ ကာလအတွင်း အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သဖြင့်      မိမိတို့နိုင်ငံ၏ စီးပွားရေးမှာ ၈ ရာခိုင်နှုန်းခန့် ပြန်လည်တိုးတက်လာခြင်းဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ် ဒုတိယ ၆ လတာ ကာလတွင် ၃ ဒသမ ၄ ရာခိုင်နှုန်းအထိပြန်လည် တိုးတက်လာကြောင်း၊  ထိုသို့   တိုးတက်လာခြင်း မှာ  ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို  အားပေး ဆောင်ရွက်လျက်ရှိသကဲ့သို့    ပြည်တွင်း၌ရှိသည့် ရေသယံဇာတ၊   မြေသယံဇာတများ၊   လယ်ယာ၊ သားငါးကဏ္ဍများ၊   သစ်တောကဏ္ဍများ၊   လူသား အရင်းအမြစ်များ၏ ဆောင်ရွက်နိုင်မှုများကို အသုံးချ နိုင်မှုကြောင့်  နိုင်ငံစီးပွားရေးတိုးတက်လာခဲ့ခြင်း ဖြစ်ကြောင်း၊  ထို့ကြောင့်   မိမိတို့အနေဖြင့်  အဆိုပါ အတွေ့အကြုံများကိုယူ၍ ဆက်လက်ဆောင်ရွက် သွားမည်ဆိုပါက   မိမိတို့နိုင်ငံ၏   စီးပွားရေးသည် ယခုထက် ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း။                                                             


နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် နိုင်ငံရေးရည်မှန်းချက်


နိုင်ငံရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့ကြောင်း၊ ပထမဆုံးအကြိမ်    ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ  ကျင်းပခဲ့ချိန်တွင်  အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ မပါရှိခဲ့ကြောင်း၊ သို့သော်လည်း ဒီမိုကရေစီပထမအစိုးရအနေဖြင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီကို နိုင်ငံရေးလမ်းကြောင်းပေါ်သို့ ပါဝင်လျှောက်လှမ်းနိုင်ရေးအတွက်   အချို့သော ရွေးကောက်ပွဲစည်းမျဉ်း၊ ဥပဒေများကို သဘောထား ကြီးမားစွာဖြင့်    လျှော့ပေါ့ပြင်ဆင်ပေးခဲ့သဖြင့်   ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှစ၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် နိုင်ငံရေးလမ်းကြောင်း ပေါ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုသံသယဖြစ်ဖွယ်များစွာ  တွေ့ရှိရသဖြင့် မဲစာရင်းရလဒ်များကို   စစ်ဆေးဆောင်ရွက်ခဲ့ရာ မဲစာရင်း မှားယွင်းမှုများစွာကို တွေ့ရှိရကြောင်း။

 


တပ်မတော်အနေဖြင့်  ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းပေါ်တွင်  ခိုင်ခိုင်မာမာ   ရပ်တည်ပြီး ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်းကို  မိမိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   တာဝန်စတင် တာဝန်ထမ်းဆောင်စဉ်ကတည်းကပင် ပြောကြားခဲ့ ပြီးဖြစ်ကြောင်း၊ ပြည်လုံးကျွတ်ဆန္ဒခံယူပြီး ပြဋ္ဌာန်း ထားသည့်  ဖွဲ့စည်းပုံအခြေခံဥပဒေ  (၂၀၀၈ခုနှစ်)ကိုလည်း ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည် ကို ပြောကြားခဲ့ပြီး ပြင်ဆင်သင့်ပြင်ဆင်ထိုက်သည် များကို ပြင်ဆင်ရန်လည်း တပ်မတော်မှ သဘောတူ ပြီး ဖြစ်ကြောင်း၊ သို့သော်လည်း ထိုသို့ပြင်ဆင်ရာတွင် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်ရန်လိုကြောင်း၊ ဒို့တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြို ကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး နှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးတို့တွင် အချုပ်အခြာအာဏာသည် ပြည်သူကဆင်းသက်လာ သည့် အချုပ်အခြာအာဏာဖြစ်ကြောင်း၊ တိုင်းပြည်၏ အချုပ်အခြာအာဏာမခိုင်မြဲသည့်   ကာလပတ်လုံး ပြည်တွင်း၊   ပြည်ပ    ပဋိပက္ခများ    ဖြစ်နေမည်ဖြစ် ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဒို့တာဝန်အရေး သုံးပါးကို  မိမိတို့၏  အမျိုးသားရေးဦးတည်ချက်၊ ရပ်တည်ချက်အဖြစ် ဦးထိပ်ပန်ဆင်ပြီး ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း အဆိုပါအချက် သုံးချက်ကိုပင် အဓိကထား၍ ရေးဆွဲ ထားခြင်းဖြစ်သည်ကို သေချာစွာ လေ့လာဖတ်ရှုမည် ဆိုပါက တွေ့မြင်နိုင်မည်ဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ်  ရွေးကောက်ပွဲ၌  မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ခြင်းသည် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးဆဲ အခြေအနေကို အညွန့်ချိုးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏ သမိုင်းတွင်လည်း အဆိုပါရွေးကောက်ပွဲ မဲမသမာမှု သည် အမည်းစက်တစ်ခုအဖြစ် ကျန်ခဲ့ပြီဖြစ်ကြောင်း၊ ထိုကဲ့သို့သော အခြေအနေမျိုး ထပ်မံဖြစ်ပွားမှုမရှိစေ ရေး ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း။

 


မိမိတို့အနေဖြင့်  နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်ကို မဖြစ်မနေ အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတော်ကို   ပုံမှန်အခြေအနေအတိုင်း    ပြန်လည် ရောက်ရှိအောင် မိမိတို့အနေဖြင့် ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ပုံမှန်အခြေအနေဟုဆိုရာတွင် ၂၀၁၁ ခုနှစ် နိုင်ငံတော်၏ပုံမှန်အခြေအနေ၊ ၂၀၁၆ ခုနှစ်နိုင်ငံတော်၏ ပုံမှန်အခြေအနေများနှင့် ယင်းအခြေ အနေများထက် မနိမ့်သည့်အဆင့်နှင့် ဖြစ်နိုင်ပါက သာလွန်သည့်      တိုင်းပြည်၏   အခြေအနေကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊     ထိုသို့ ဆောင်ရွက်ပေးနိုင်မှသာလျှင် နိုင်ငံတော်ကို အာမခံ ချက်ပေးနိုင်မည်ဖြစ်သည့်အတွက်   သက်ဆိုင်ရာ တာဝန်ရှိသူများ၊        ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့်       တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအနေ ဖြင့် မလျှော့သော ဇွဲလုံ့လဖြင့်ရရှိသည့် ကာလအတွင်း ကြိုးစား၍   တိုးမြှင့်ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားလိုကြောင်း။
၂၀၂၀     ပြည့်နှစ်    ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ယခင်ကလည်း  ပြောကြားခဲ့ကြောင်း၊ မဲစာရင်းများသည်  အကြိမ်ကြိမ်ပြောင်းလဲလျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ပြီး နောက်ဆုံးမဲစာရင်းသည် ၃၈ သန်းနှင့် ၂ သိန်း ၇ သောင်းဟူ၍  ထွက်လာခဲ့ ကြောင်း၊ ၂၀၁၅   ခုနှစ်   မဲစာရင်းအပေါ်    မူတည်ပြီး တွက်ချက်ကြည့်မည်ဆိုပါက မိမိတို့ နိုင်ငံ၏ လူဦးရေ နှင့် ၂၀၂၀ ပြည့်နှစ်တွင်  တိုးတက်လာသည့် လူဦးရေ တိုးတက်မှုနှုန်းမှာ ဖြစ်နိုင်ဖွယ်ရာ အနေအထားတွင် မရှိသည်ကို   တွေ့ရမည်ဖြစ်ကြောင်း၊   မြန်မာနိုင်ငံ၏ လူဦးရေတိုးတက်မှုနှုန်းသည် ပျမ်းမျှအားဖြင့်  ဒသမ ၈၅   ခန့်သာရှိသည့်အတွက်   လူဦးရေတိုးတက်မှု နှုန်းသည် မည်သို့မျှဖြစ်နိုင်ဖွယ်မရှိသည်ကို  တွေ့ရှိရ ကြောင်း။ 
မိမိတို့စတင်တာဝန်ယူစဉ် နေပြည်တော်စည်ပင် ရိပ်သာရှိ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်ရှိ သူများက သွားရောက်တွေ့ဆုံခဲ့ပြီး တရားဥပဒေနှင့် အညီ ရင်ဆိုင်ဖြေရှင်းရန် ရှင်းလင်းပြောဆိုခဲ့ကြောင်း၊ သို့သော်လည်း ၎င်းတို့အနေဖြင့် တရားဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းခြင်းမရှိဘဲ အကြမ်းဖက်မှုလမ်းစဉ် ကို ရွေးချယ်ခဲ့ခြင်းမှာလည်း ကြီးမားသည့် မှားယွင်း သည့် အမည်းစက်တစ်ခုပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီ တွင် တရားဥပဒေနှင့်အညီသာ ဖြေရှင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ မဲမသမာမှု ဆောင်ရွက်ခဲ့သည့် အမည်းစက်တစ်ခုဖြစ်ပေါ်ခဲ့သည့်အပြင် ဒီမိုကရေစီ တွင် ဥပဒေနှင့် ရင်ဆိုင်ဖြေရှင်းရမည်ကို ဥပဒေပြင်ပမှ ဆောင်ရွက်ခဲ့ခြင်းကြောင့်      အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ရပ်များ ဖြစ်ပေါ်လာခဲ့ပြီး မိမိတို့အနေဖြင့် တရား ဥပဒေနှင့်အညီဖြစ်အောင် တတ်နိုင်သရွေ့ ထိန်းထိန်း သိမ်းသိမ်း   ကိုင်တွယ်ဖြေရှင်း   ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုကဲ့သို့သော ဖြစ်စဉ်ဖြစ်ရပ်များအပေါ် တာဝန်ရှိသူများ၊ ဝန်ကြီးချုပ်များအနေဖြင့် သိရှိနိုင် ရန်၊ စဉ်းစားဆင်ခြင်နိုင်ရန်၊ သင်ခန်းစာရယူနိုင်ရန်နှင့် ဖော်ထုတ်ချက်များကို   သုံးသပ်ဆောင်ရွက်ကြစေ လိုကြောင်း။

 


တက်ရောက်လာကြသည့် ပြည်နယ်နှင့် တိုင်း ဒေသကြီး  ဝန်ကြီးချုပ်များ၊  ဦးစီးအဖွဲ့ ဥက္ကဋ္ဌများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ဥက္ကဋ္ဌများအနေဖြင့် လည်း မိမိတို့၏ လုပ်ဆောင်ချက်များကို တင်ပြရာ တွင် ထိထိမိမိဖြင့်  တင်ပြစေလိုပြီး  မိမိတို့ဒေသ၏ အကျိုး၊ တိုင်းပြည်၏အကျိုးကို ဦးတည်၍ ဆောင်ရွက် ရန်လိုအပ်သည်များကို တင်ပြဆောင်ရွက်သွားကြ ရန်လိုကြောင်း မှာကြားသည်။

 


ရှင်းလင်းတင်ပြ


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများက ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက် နေမှု၊ ပန်းခင်းစီမံချက် ဆောင်ရွက်ပြီးစီးမှု၊ အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) များ ဖွံ့ဖြိုးတိုးတက်ရေးအားပေး ဆောင်ရွက်လျက် ရှိမှု၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်လျက်ရှိမှုနှင့် ဒေသအလိုက် ဝမ်းစာ ဖူလုံမှုရှိစေရေး စိုက်ပျိုးထုတ်လုပ်နေမှု၊ ဆီထွက်သီးနှံ များ စိုက်ပျိုးထုတ်လုပ်နေမှု၊ ပညာရေးနှင့် ကျန်းမာ ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု၊ နေရောင်ခြည်စွမ်းအင်သုံး  လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများဖြင့်  မြစ်ရေတင်စိုက်ပျိုးရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိမှု၊  ဒေသအလိုက်  ရင်းနှီး မြှုပ်နှံမှုနှင့် အလုပ်အကိုင်ရရှိမှု  အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။    
ရှင်းလင်းတင်ပြချက်များအပေါ်   ပြည်ထောင်စု ဝန်ကြီးများက နိုင်ငံ့စီးပွားမြှင့်တင်ရေး  စိုက်ပျိုးရေးချေးငွေများထုတ်ချေးပေးမှု၊ နိုင်ငံ့ဘဏ္ဍာငွေများကို စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီသုံးစွဲရန်နှင့်   စိစစ်ကြပ်မတ်ရန်   လိုအပ်မှု၊ လျှပ်စစ်ဓာတ်အားများ  ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ မဲစာရင်းမှန်ကန်ရေး မြေပြင် ကွင်းဆင်းဆောင်ရွက်မှုများ    အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှု၊   ကုန်သွယ်မှုတွင်    သွင်းကုန်ပို့ကုန်များ တိုးတက်လာမှုနှင့် ပဲမျိုးစုံတင်ပို့မှုကို ဆက်လက် တင်ပို့နိုင်သဖြင့် ပဲစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက် အောင် ဆောင်ရွက်ရန်လိုအပ်မှု၊ ဥပဒေရေးရာကိစ္စရပ် များ၊ မော်တော်ယာဉ်များ၏ နံပါတ်ပြားများ လဲလှယ် နိုင်ရေးဆောင်ရွက်ရန်လိုအပ်မှု၊ ပညာရေးဝန်ထမ်း များ    လိုအပ်ချက်ရှိပါက    ထပ်မံခန့်အပ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊  အသေးစား၊   အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)များ ဖွံ့ဖြိုးတိုးတက် ရေးအတွက်  လိုအပ်သည့်အချက်အလက်များနှင့် လုပ်ငန်းလမ်းညွှန်များကို  စက်မှုဝန်ကြီးဌာနမှ  ပြုစု ထားသည့် အင်တာနက်စာမျက်နှာများတွင် အချိန် မရွေး ကြည့်ရှုလေ့လာနိုင်မှု၊ နယ်စပ်ဒေသများနှင့် နယ်စပ်ဝင်ပေါက်နေရာများမှ ကိုဗစ် - ၁၉ ကူးစက်မှု များ   ဝင်ရောက်လာနိုင်သဖြင့်   နယ်စပ်ဒေသမှ ဝင်ရောက်မှုများကို စနစ်တကျထိန်းချုပ်ဆောင်ရွက် ပေးရန် လိုအပ်မှု၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်မှု၊   အသင်းအဖွဲ့   မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရာတွင်  ဥပဒေအတိုင်း  ဆောင်ရွက်ရန် လိုအပ်မှုတို့ကို   ရှင်းလင်းတင်ပြကြပြီး  ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး က    နိုင်ငံတော်အတွင်း  အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် NUG နှင့် CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အချို့သော လက်နက်ကိုင်အဖွဲ့များက  နိုင်ငံတည် ငြိမ်အေးချမ်း မှုပျက်ပြားစေရန်အတွက်     အကြမ်းဖက်ဖောက်ခွဲ တိုက်ခိုက်ဖျက်ဆီးမှု၊    အပြစ်မဲ့သံဃာတော်များ၊ ပြည်သူများနှင့်    ဝန်ထမ်းများကို   အကြောင်းမဲ့ သတ်ဖြတ်ခဲ့မှု နှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 


KG + 9 ကို နိုင်ငံတော်၏ အနိမ့်ဆုံးပညာရေး
ရည်မှန်းချက်အဖြစ်ထားရှိ


တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်မှာကြားရာတွင် ကားမှတ်ပုံတင်နံပါတ်ပြားများလဲလှယ်ခြင်းသည်  လုံခြုံရေးကိစ္စရပ်များနှင့် သက်ဆိုင်သဖြင့်     အမြန်ဆုံးဆောင်ရွက်နိုင်ရန် လိုကြောင်း၊  အလားတူ    ယာဉ်စည်းကမ်း    လမ်း စည်းကမ်းများ လိုက်နာမှုအားနည်းနေသည်ကိုလည်း တွေ့ရှိရကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ KG + 9 ကို နိုင်ငံတော်၏ အနိမ့်ဆုံးပညာရေးရည်မှန်းချက် အဖြစ်ထားရှိကြောင်း၊    ကိုယ်ပိုင်ကျောင်းများနှင့် ပတ်သက်၍ အဆိုပါကျောင်းများသည် ပညာရေး ဝန်ကြီးဌာန၊ MIC နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်     ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့၏ ခွင့်ပြုချက်ဖြင့်     ဖွင့်လှစ်ဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊  မည်သည့်ခွင့်ပြုချက်ဖြင့်   ဖွင့်လှစ်သည် ဖြစ်စေ မိမိတို့နိုင်ငံ၏    စည်းကမ်းသတ်မှတ်ချက် များ၊ ယဉ်ကျေးမှုများကို အလေးထားလိုက်နာရန် လိုကြောင်း၊  အသင်းအဖွဲ့များ   မှတ်ပုံတင်ခြင်းများ ဆောင်ရွက်ရာတွင်   စနစ်တကျဖြင့်     အဆင့်ဆင့် စိစစ်ဆောင်ရွက်ရန်လိုကြောင်း။

 


အချို့သောဒေသများတွင် နွေရာသီ၌ သောက်သုံး ရေအခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း၊   မိုးရေကို ထိန်းသိမ်း၍  ဆောင်ရွက်နိုင်ကြောင်း၊  အချို့သော ဒေသများတွင်     မိုးရေကိုခံယူ၍  တစ်နှစ်ပတ်လုံး သုံးစွဲကြသည်ကို    တွေ့ရှိရကြောင်း၊    ရေရရှိရေး အတွက် တိုင်းဒေသကြီးနှင့်  ပြည်နယ်များအလိုက် မိမိတို့အစီအစဉ်ဖြင့်  ဆောင်ရွက်၍ရသည်များကို လည်း ဆောင်ရွက်ကြစေလိုကြောင်း၊ စားရေရိက္ခာ လုံလောက်စွာရရှိရေးအတွက် ဝန်ကြီးချုပ်များအနေ ဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုပြီး စိုက်ပျိုးရေများ ကိုလည်း အကျိုးရှိစွာဖြင့် အသုံးချကြစေလိုကြောင်း၊ စိုက်ပျိုးရေးအတွက်   ပန်းတိုင်ရည်မှန်းချက်များ အတိုင်း     ပြည့်မီအောင်     တစ်ဧကအထွက်နှုန်း တိုးတက်စေရန်  ဆောင်ရွက်မည်ဆိုပါက များစွာ အကျိုးရှိမည်ဖြစ်ကြောင်း။

 


စက်သုံးဆီဈေးများမှာ   မြင့်တက်လျက်ရှိပြီး မိမိတို့အနေဖြင့်    နှစ်စဉ်စက်သုံးဆီများ    များစွာ တင်သွင်းနေရကြောင်း၊ ထို့ကြောင့်စက်သုံးဆီသုံးစွဲ မှုများကို လျှော့ချရန်နှင့် Public Transportation ကို ဦးစားပေးသုံးစွဲကြရန်လိုကြောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး    ဆောင်ရွက်ကြရန်လိုကြောင်း၊အလားတူစိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ် သည့်စိုက်ပျိုးရေ  လုံလောက်စွာ   ရရှိရေးအတွက် လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများဖြင့်   အသုံးပြု၍ဆောင်ရွက်ကြစေလိုကြောင်း။
အားကစားရုံနှင့်        အားကစားကွင်းများ တည်ဆောက်ရာတွင်      အရှည်ကိုမျှော်တွေး၍ ဆောင်ရွက်ကြစေလိုကြောင်း၊      အဆင့်မီသည့် အားကစားရုံများဖြစ်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် လူဦးရေကို မျှော်တွေး၍ ဆောင်ရွက်ကြစေလိုပြီး ဝန်ကြီးချုပ်များအနေဖြင့်စနစ်တကျဆောင်ရွက်ကြစေလိုကြောင်း။
စားရေးသည် လူသားတိုင်းအတွက်  အရေးကြီး ကြောင်း၊ ထို့ကြောင့်စားရေးအတွက် လိုအပ်ချက်ရှိ သည့်   ပြည်နယ်နှင့်   တိုင်းဒေသကြီးများအနေဖြင့် ဆန်နှင့် အသား၊ ငါးများ ဖူလုံရန်အတွက် စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များကို လုံလောက်စွာထုတ်လုပ် နိုင်ရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊    မိမိတို့နိုင်ငံသားအားလုံး စားရေရိက္ခာဖူလုံစွာဖြင့် စားသုံးနိုင် ရန်လိုကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဒေသအလိုက် ဆန်နှင့် အသား၊ ငါးများ ဖူလုံမှုရှိစေရေး တာဝန်ရှိသူ များအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပြီး ပြည်သူများ ကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနိုင် ရန်လိုကြောင်း ဆွေးနွေးမှာကြားသည်။

 


MSME လုပ်ငန်းသည်  နိုင်ငံစီးပွား
ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးပါ


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မိမိတို့အစိုးရအဖွဲ့တွင် လုပ်နိုင်ကိုင် နိုင်သူများကိုသာ ခန့်အပ်ထားခြင်းဖြစ်သည့်အတွက် အခက်အခဲအကျပ်အတည်းများစွာကို  ကျော်ဖြတ် ၍  အောင်မြင်စွာ တာဝန်ထမ်းဆောင်နိုင်ခဲ့ခြင်းဖြစ် ကြောင်း၊ ထို့ကြောင့် ကျန်ရှိသည့်ကာလကိုလည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ MSME   လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိအနေဖြင့်   တိုင်းဒေသကြီးနှင့်   ပြည်နယ်များသို့ သွားရောက်တွေ့ဆုံ   အားပေးဆောင်ရွက်လျက်ရှိ ကြောင်း၊ MSME လုပ်ငန်းသည်  နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအရေးပါကြောင်း၊ မိမိ တို့နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက် တွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို    အများဆုံးလုပ်ကိုင်ကြကြောင်း၊   ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို အခြေခံသည့် ပြည်တွင်းထုတ်ကုန်များကို ဆောင်ရွက်နိုင်မည်ဆိုပါ က ကျေးလက်ဖွံ့ဖြိုးမှုများကို များစွာအထောက်အကူ ပြုလာမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာမည်ဆိုပါက ပြည်ပသွင်းကုန်များကို အစားထိုးနိုင်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ပြည်တွင်း ထုတ်ကုန်များကို အရည်အသွေးကောင်းမွန်စွာဖြင့် ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့လာနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်း၌   ထုတ်လုပ်နိုင်သည့်   ထုတ်ကုန်များကို ထုတ်လုပ်၍  ပြည်ပမှသွင်းကုန်များကို  လျှော့ချနိုင် မည်ဆိုပါက နိုင်ငံတော်အတွက် များစွာအထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း။

 


မွေးမြူရေးလုပ်ငန်းများကို     စနစ်တကျဖြင့် မွေးမြူမည်ဆိုပါက ပြည်တွင်းစားသုံးမှုကို အထောက် အကူပြုနိုင်မည်ဖြစ်သကဲ့သို့    ပြည်ပပို့ကုန်များကို လည်း တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်း များကို    စနစ်တကျဖြင့်     ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေးလုပ်ငန်းများအတွက်  လိုအပ်သည့် ဇီဝ မြေဩဇာများကိုလည်း     ရရှိစေမည်ဖြစ်သကဲ့သို့ MSME လုပ်ငန်းများကိုလည်း များစွာအထောက်အကူ ပြုစေမည်ဖြစ်ပြီး ဝင်ငွေများရရှိမည်ဖြစ်ကာ ဒေသ တွင်းနှင့်  နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက်အကူပြုစေမည်ဖြစ်၍    ဒေသအလိုက် စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း။

 


တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်နိုင်ရန်လို


ရေသုံးစွဲမှုနှင့်ပတ်သက်၍  အဖိုးတန်ရေချိုကို ချွေတာသုံးစွဲရန်   လိုအပ်မည်ဖြစ်ကြောင်း၊   ရေကို အကျိုးရှိရှိဖြင့် လိုအပ်သည့် ပမာဏကိုသာ အသုံးချ ရန်လိုကြောင်း၊    ရေနှင့်ပတ်သက်၍    ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊    သစ်ပင်၊  သစ်တောရှိရမည့် နေရာတွင် သစ်ပင်ရှိစေရေး သက်ဆိုင်ရာဒေသနှင့် ဝန်ကြီးဌာနများက   ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင်    သန့်ရှင်းသပ်ရပ်မှုရှိစေရေးသည်လည်း အရေးကြီးကြောင်း၊ တစ်ဦးချင်း၏   တစ်ကိုယ်ရေ သန့်ရှင်းမှု၊ သပ်ရပ်စွာ ဝတ်စားဆင်ယင်တတ်မှုမှသည် မိမိမြို့နယ်၊ မိမိဒေသ၊ မိမိတိုင်းပြည် တစ်ခုလုံးအထိ သန့်ရှင်းသာယာလှပနေရမည်ဖြစ်ကြောင်း၊  တစ်ဦး ချင်း၏   သန့်ရှင်းသပ်ရပ်စွာ   နေထိုင်တတ်မှုသည် နိုင်ငံ၏ဂုဏ်သိက္ခာနှင့် စည်းကမ်းစနစ်တကျရှိမှုတို့ကို ပြသနေခြင်းပင်ဖြစ်ကြောင်း၊  မိမိတို့   တိုင်းပြည် သာယာလှပပြီး   ပို့ဆောင်ဆက်သွယ်ရေး၊   အစား အသောက်များ အားလုံးကောင်းမွန်နေမည်ဆိုပါက  ခရီးသွားလုပ်ငန်းသည်လည်း    တိုးတက်လာပြီး အခြေခံလူတန်းစားများ၏ ဝင်ငွေများတိုးတက်လာ ကာ ထိုမှတစ်ဆင့် နိုင်ငံ့ဝင်ငွေသည်လည်း မြင့်တက် လာမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ GDP တိုးတက်ရေး အတွက် နိုင်ငံ၏ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင် နိုင်မှုနှင့် ပို့ကုန်အဆင့်မြှင့်တင်နိုင်ရန်လိုကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကိုလည်း တိုက်ဖျက်နိုင် ရန်လိုကြောင်း။

 


စာရင်းဇယားများ   မှန်ကန်မှုရှိစေရေး
ယခုအချိန်ကတည်းကပင် ဆောင်ရွက်ရမည်ဖြစ်


ရွေးကောက်ပွဲနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကို သင်ခန်းစာယူပြီး မဲစာရင်းများ မှန်ကန်မှုရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင်  ထုတ်ပြန်ခဲ့သည့် မဲစာရင်းသည် ၂၀၁၄ ခုနှစ်တွင် ကောက်ယူရရှိခဲ့သည့် သန်းခေါင်စာရင်းအပေါ်တွင် မူတည်၍ ဆောင်ရွက် ခဲ့ခြင်းဖြစ်သည့်အတွက်      စာရင်းဇယားတိကျမှု ရှိကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင်လည်း စာရင်း ဇယား မှန်ကန်စေရေးသည်  အဓိကဖြစ်ကြောင်း၊  ထို့ကြောင့်   စာရင်းဇယားများ   မှန်ကန်မှုရှိစေရေး ယခုအချိန်ကတည်းကပင်   ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊  လိုအပ်ပါက   ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူ၍ စာရင်းဇယားများတိကျမှန်ကန် မှုရှိစေရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ရွေးကောက်ပွဲကျင်းပချိန်တွင် မဲပေးခြင်း မပေး ခြင်းသည် လူတစ်ဦးချင်း၏ ဆန္ဒဖြစ်ပြီး လူတိုင်းမဲပေး နိုင်အောင် ပြုလုပ်ပေးခြင်းသည် အစိုးရ၏တာဝန်ပင် ဖြစ်ကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မိန့်ခွန်းတွင် ပြောကြားခဲ့သည့်အတိုင်း  ပြည်သူ များအနေဖြင့် ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ ဖိအား ပေးမှုကင်းရှင်းစွာဖြင့်      တစ်ဦးချင်း၏   ဆန္ဒကို ဖော်ထုတ်မဲပေးနိုင်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကို မှတ်ကျောက်တင်ခံရသည့် ရွေးကောက်ပွဲတစ်ခု ဖြစ်စေရေး မိမိတို့အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း မဲစာရင်းများတိကျမှန်ကန်ရေး၊ လူတိုင်းမဲပေးနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း။

 


ယင်းကိစ္စများဆောင်ရွက်နိုင်ရန်  ကျန်ရှိသည့် အချိန်တွင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဖြစ်ပေါ်လာသည့်  အခြေအနေနှင့်   တိုးတက်မှုများ အပေါ် မူတည်၍ ရွေးကောက်ပွဲကိစ္စကို ထပ်မံသုံးသပ် ရမည်ဖြစ်သဖြင့်   စနစ်တကျ   အားထည့်ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်းဖြင့်  မှာကြားခဲ့ကြောင်း သတင်းရရှိသည်။  

                
 သတင်းစဉ်