
ပဲခူး ဒီဇင်ဘာ ၂၄
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မထားဘဲ အရောင်အသွေးကင်းပြီး မိမိတို့လူမျိုး အဓွန့်ရှည်တည်တံ့ စေရန် အကျိုးဆောင်ပေးရသည့် အဖွဲ့ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ဆောင်ရွက်နေသည့် “ပန်းခင်း စီမံချက်” နိုင်ငံသားစိစစ်ရေးကတ် နှင့် အိမ်ထောင်စုဇယားပြုလုပ် ခြင်းလုပ်ငန်းသည် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် လွန်စွာအရေးကြီး သဖြင့် တိုင်းရင်းသားများအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊ လူငယ်များ သည် နိုင်ငံတော်၏ အနာဂတ် ခေါင်းဆောင်များ ဖြစ်ကြသည့် အတွက် ပညာရေးကို ဦးစား ပေးကြရမည် ဖြစ်ပါကြောင်း၊ ပညာရည်မြင့်မားမှ လူမှုဘဝ တိုးတက် မြင့်မားမည်ဖြစ်ပါ ကြောင်း တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစောထွန်းအောင်မြင့် နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားတွင် အထက်ပါ အတိုင်း ပြောကြားသည်။
ယနေ့နံနက် ၁၁ နာရီတွင် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်ပြီး ပြည်ထောင်စု ဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားအရေး ကိစ္စရပ် များကို ဆောင်ရွက်ရသည့်ဌာန ဖြစ်သည့်အတွက် လုပ်ငန်းများ လျင်မြန်မှန်ကန်စွာ ဆောင်ရွက် နိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးများ ကို တာဝန်ခွဲဝေ အပ်နှင်းထားပြီး ဖြစ်ပါကြောင်း၊ တိုင်းရင်းသား ဒေသများတွင် စီမံကိန်းများ အကောင်အထည်ဖော် ဆောင် ရွက်ရာ၌ တိုင်းရင်းသားများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှု မရှိစေရန်အတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲ မှုနှင့် ပတ်သက်ပြီး မိမိတို့ ဝန်ကြီး ဌာနက မြေပြင်ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ တိုင်းရင်းသား ဘာသာသင်(Teaching Assitant- TA နှင့် Language Teacher – LT) များ ပိုမိုခန့်ထားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် တိုင်းပြည်ငြိမ်းချမ်းရေး ရရှိအောင် ကြိုးစား ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင်ရှိသည့် ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသည့် တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့ ၏ ဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး နှင့် လမ်းပန်းဆက်သွယ်ရေး စသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သက်ဆိုင် ရာဝန်ကြီးဌာနများ၊ တိုင်းဒေသ ကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းရင်း သား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးသည် လွန်စွာ အရေးကြီးသဖြင့် တိုင်းရင်းသား များအားလုံး ပူးပေါင်းပါဝင်ဆောင် ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကား ပြောကြားပြီး ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တွေ့ဆုံပွဲသို့ တက်ရောက်လာကြ သည့် ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ပအိုဝ်း တိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့များကို တိုင်းရင်းသား အရေးကိစ္စရပ်များ ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်ရန် အတွက်ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြောင်း သိရသည်။ သတင်းစဉ်