တိုင်းပြည်ငြိမ်းချမ်းဖို့အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်လို့ ခံယူပါတယ်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များအား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်မှုကို တိုင်းရင်းသားပြည်သူများက ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်ခဲ့ရာ အဆိုပါ ထောက်ခံပွဲသို့ တက်ရောက်လာကြသည့် ငြိမ်းချမ်းရေးကိုလိုလားသူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။ 
ဦးပညာဝံသ    (မျိုးချစ်   မြန်မာ ရဟန်းတော်များသမဂ္ဂ(ရန်ကုန်) ဗဟိုအလုပ်မှုဆောင် ဆရာတော်)
ငြိမ်းချမ်းရေးဆိုတာ မြန်မာ ပြည်မှာသာ         မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးနဲ့    ဆိုင်ပါတယ်။   ငြိမ်းချမ်းခြင်း၊ လက်တွဲခေါ်ခြင်း သည် ငြိမ်းချမ်းခြင်းကောင်းခြင်း      သုခဖြစ်တဲ့အတွက်      ဦးဇင်းတို့ လူသားတစ်ဦး၊ မြန်မာနိုင်ငံသား တစ်ဦးအနေနဲ့   ငြိမ်းချမ်းရေးကို လိုလားတဲ့အတွက် အရာအားလုံး ကို လက်တွဲခေါ်ပါတယ်။ ဒါကြောင့် မို့   ဒီဟောပြောပွဲကို   ကိုယ်တိုင် တက်ရောက်      ဟောပြောခြင်း ဖြစ်ပါတယ်။       မငြိမ်းချမ်းလို့ ငြိမ်းချမ်းရေးကို    ခေါ်နေရတာ၊ နှောင့်ယှက်     ဖျက်ဆီးတဲ့သူတွေ ရှိလို့ ငြိမ်းချမ်းရေး ခေါ်နေရတာ။ ဒါကြောင့် ဒီပွဲဟာ ကောင်းမြတ် တဲ့ပွဲ     ဖြစ်ပါတယ်။    ၃၈    ဖြာ   မင်္ဂလာထဲမှာလည်း     ငြိမ်းချမ်း ခြင်း၊      ငြိမ်းအေးခြင်းဟာလည်း  မင်္ဂလာပါ။ မင်္ဂလာရှိတဲ့ပွဲလို့ ဦးဇင်း ယူဆပါတယ်။   ငြိမ်းချမ်းရေးကို       လိုလားတဲ့         ပုဂ္ဂိုလ်တွေဟာ     အချင်းချင်း ခိုက်ရန်ကွဲပြားမှုတွေ မလုပ်ဘဲနဲ့ အချင်းချင်းညီညွတ်မှု တွေ     ပြုလုပ်ကြပါ။   ဒါမှသာ   ကောင်းမွန်မြတ်တဲ့   နိုင်ငံတော် ဖြစ်မယ်လို့  မိဘပြည်သူတွေကို ပြောချင်ပါတယ်။ 
ဦးဝင်းမော်
ဒီအချိန်မှာ   ငြိမ်းချမ်းရေး သည်    သိပ်အရေးကြီးပါတယ်။ တပ်ချုပ်ကြီးကလည်း   ငြိမ်းချမ်း ရေးကို အလုံးစုံ တာဝန်ယူနေတဲ့ အချိန်မှာ  သူကိုယ်တိုင် ဖိတ်ခေါ် ထားတယ်။     အဲဒါတွေကြားတဲ့ အတွက်  ဒီဘက်မှာငြိမ်းချမ်းရေး ကို ထောက်ခံတဲ့အနေနဲ့ရော ပြည်ပ စွက်ဖက်ကျူးကျော်မှုတွေ  အများ ကြီးရှိနေတဲ့အချိန်မှာ ကန့်ကွက် ရှုတ်ချတဲ့အနေနဲ့‌ပါ ဒီပွဲကို ကျင်းပ တယ်လို့ သိရပါတယ်။ လာအားပေး တာပါ။ အမျိုးသားရေးနဲ့ပတ်သက် ရင်    ကိုယ်ကိုယ်တိုင်   တိုင်းပြည် ကို ချစ်တဲ့အတွက်ရယ်၊ ဘာသာ သာသနာကို ချစ်တဲ့အတွက်ရယ် ထဲထဲဝင်ဝင်           ပါဝင်ဖြစ်တယ်။    ပူးပေါင်း  ဆောင်ရွက်ဖြစ်တယ်။   တက်လာတဲ့   အစိုးရတိုင်းလည်း ငြိမ်းချမ်းရေးကို လုပ်နေကြတာ ပါပဲ။ ဒါပေမယ့် လုံးဝပြီးပြည့်စုံတဲ့            အဆင့်တော့ မရောက်သေးဘူးပေါ့။ အခုတပ်ချုပ်ကြီးက          အလုံးစုံ သူတာဝန်ယူနေတဲ့       အချိန်မှာ      သူကိုယ်တိုင်လည်း လိုလိုလားလား ဖိတ်ခေါ်ထားတယ်။   ပြည်သူတွေ လည်း  အကြမ်းဖက်မှု   အန္တရာယ် တွေ အများကြီးရင်ဆိုင်နေရတယ်။ သံဃာတော်တွေ       အများကြီး အသတ်ခံနေရတယ်။ ပြည်ခိုင်ဖြိုး ပါတီဝင်တွေ  အသတ်ခံရတယ်။ မျိုးချစ်တွေ အသတ်ခံနေရတယ်။ ဒလန်ဆိုပြီး        တိုင်းပြည်အနှံ့ မြို့တိုင်းမြို့တိုင်းမှာ  အသတ်ခံနေ ရတယ်။ လူလည်း ထောင်ချီသေ နေကြပြီ။   ပြည်သူတွေလည်း       အေးအေးချမ်းချမ်း၊    ငြိမ်းငြိမ်း ချမ်းချမ်းနေချင်နေကြပြီ။   ဒါက တော့ ပြည်သူတွေ ရင်ထဲကဆန္ဒပဲ။  ပြည်သူတွေ     ကိုယ်တိုင်လည်း        ငြိမ်းချမ်းဖို့အတွက် တည်ဆဲအစိုးရ နှင့်    ပူးပေါင်းပါဝင်ပြီး   ငြိမ်းချမ်း ရေးကို    တိုက်တွန်းကြပါ၊     ဖော် ဆောင်ကြပါ။ တိုင်းပြည်ငြိမ်းချမ်း ဖို့အတွက်      နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်လို့     ခံယူပါတယ်။ အားလုံ    သက်ဆိုင်ရာ   အကြမ်း ဖက်နေတဲ့   အဖွဲ့အစည်းတွေပဲ          ဖြစ်စေ၊     လက်နက်ကိုင်အဖွဲ့ အစည်းတွေပဲဖြစ်စေ၊ ငြိမ်းချမ်းစွာ နေလိုတဲ့         ပြည်သူတွေပဲဖြစ်စေ အားလုံးကို     တိုက်တွန်းချင် တာကတော့      မြန်မာပြည်ကြီး      တော်လောက်ပါပြီ၊ ငြိမ်းချမ်းသင့် ပါပြီ။
ဒေါ်သီရိနေလင်း
ဒီနေ့ပွဲကတော့ ကျွန်မအမြင် တိုင်းပြည်ကိုချစ်တဲ့ ပြည်သူတွေ အကုန်လုံး      ပါဝင်သင့်တယ်လို့ ကျွန်မ ထင်တယ်။ ငြိမ်းချမ်းရေး အတွက်   နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီအစိုးရရဲ့  ငြိမ်းချမ်း ရေး  ကမ်းလှမ်းချက်ကို  ထောက်ခံ   တဲ့အတွက်    ကျွန်မ  ဒီနေ့ဒီပွဲကို တက်ရောက်ခြင်း      ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိနေတဲ့၊ မြန်မာနိုင်ငံ ကို အမှန်တကယ်ချစ်တဲ့ ပြည်သူ စစ်စစ်တွေကို     ကျွန်မမက်ဆေ့ ပေးချင်တာက ဒီငြိမ်းချမ်းရေးကို ကျွန်မတို့     ထောက်ခံပါတယ်။ ထို့အတူ   သူတို့လည်း   ကျွန်မတို့ နည်းတူ             ငြိမ်းချမ်းရေးကို ထောက်ခံမယ်လို့   ထင်ပါတယ်။     ငြိမ်းချမ်းရေးမှာ ဗိုလ်ချုပ်မှူးကြီးရဲ့   ကမ်းလှမ်းချက်ကို     ဝင်လာပြီး    လက်မှတ်ရေးထိုးမယ့်  လက်နက် ကိုင်     ၁၀   ဖွဲ့ကိုလည်း     ကျွန်မ ဒီကနေ   ကျေးဇူးတင်ပါတယ်။    ကျွန်မကတော့    ငြိမ်းချမ်းရေး မြန်မြန်ရချင်တာပဲ။     ကျွန်မတို့ ပြည်သူတွေကလည်း    ငြိမ်းချမ်း တဲ့   တိုင်းပြည်မှာ  နေချင်ကြတဲ့     လူတွေမို့လို့ပါ။ အခုငြိမ်းချမ်းရေး ကို  အမြန်ဆုံး အကောင်အထည်        ဖော်နိုင်ပြီး ကျွန်မတို့နိုင်ငံ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့    ဖွံ့ဖြိုးတိုးတက်တဲ့၊    ဘာသာသာသနာတရားကို ဦးထိပ် ထားတဲ့ တိုင်းပြည်အဖြစ်အမြန်ဆုံး ရောက်ချင်ပါတယ်။ 
သတင်းစဉ်