တိုင်းပြည်ကို ကာကွယ် ဒို့စောင့်ရှောက်မယ်

 

တိုင်းပြည်ကို ကာကွယ်  ဒို့စောင့်ရှောက်မယ်

*    ဒို့ပြည် ဒို့မြေ  ၊ ဒို့ပိုင်ရေသည်
    သန္ဓေအနှစ်  အမွေစစ်တည့်။
*    ပြည်ထောင်စုကို  ၊  ကွဲပြိုစေသည့်
    တည်ထောင်မှုကို  ၊ လှဲဖြိုနေသည့်
    ကျမည့်ဘေးရန်  ၊ ကာကွယ်ရန်မှာ
    မြန်မာတိုင်း၏တာဝန် တကား။ 
*    နိုင်ငံတစ်ခု ၊ ကာကွယ်မှုတွင် 
    စစ်မှုချည်းသာ ၊  မကပါသေး
    များစွာကဏ္ဍ  စုံလင်စွတည့်။
*    နိုင်ငံရေး  စီးပွားရေး  
    လူမှုရေး  ကျန်းမာရေး
    ပညာရေး  တည်ဆောက်ရေး
    အရေးအရာ  ၊  အဖြာဖြာတွင်
    ကျရာ  ဝန်တာ ၊  ပေးလာ တာဝန်
    အားသွန် ဆောင်မြန်း  ၊ မျိုးချစ်ပန်း တို့
    ကိုယ်စွမ်း  ကိုယ်စ   ပြကြစို့။
v    မြန်မာ့အနာဂတ်  ၊  မြင့်မားမတ် အောင်
    လူလတ် လူငယ်  ၊ အသိကြွယ်လျက်
    အရွယ်မလင့်  ၊ အခါသင့်၍
    ထမ်းခွင့်ရခိုက်  ၊ လုံ့လစိုက်ကာ
    လိုက်ပါ ဝန်ထမ်း ၊ ပြည့်တက်လမ်း တွက် 
    ကြိုးပမ်းညီညီ  ချီပါစို့ ။
    ဒို့တိုင်းပြည်ကို  ကာကွယ်စို့ ။       ။

မျိုးမြတ်မြတ်မြင့်မောင်