တိုင်ဖွန်းမုန်တိုင်း ဟိုက်ကွေးကြောင့် ဖူကျိုးမြို့၌ လူပေါင်း ၃၆၀၀၀ ကျော် ဘေးလွတ်ရာ ပြောင်းရွှေ့

 

ဖူကျိုး    စက်တင်ဘာ    ၆


တိုင်ဖွန်းမုန်တိုင်း      ဟိုက်ကွေး (Haikui)    ကြောင့် ရုတ်တရက် မိုးသည်ထန်းစွာ ရွာသွန်းမှုဖြစ်ပွား ခဲ့သည့်အတွက်      တရုတ်နိုင်ငံ အရှေ့ပိုင်း      ဖူကျန့်ပြည်နယ်၏ မြို့တော်   ဖူကျိုး၌    လူပေါင်း ၃၆၀၀၀ ကျော်ကို ဘေးလွတ်ရာ သို့      ပြောင်းရွှေ့ပေးခဲ့ရကြောင်း အာဏာပိုင်များက စက်တင်ဘာ ၆ ရက်တွင် ပြောသည်။ 


စက်တင်ဘာ ၆ ရက် နံနက် ၇    နာရီအထိ    မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ် ၁၄၇ ခု ထိခိုက်ပျက်စီးမှု     ဖြစ်ပွားခဲ့ပြီး  တိုက်ရိုက်စီးပွားရေးဆုံးရှုံးမှု ယွမ်  ၅၅၂    သန်းကျော်    (အမေရိကန် ဒေါ်လာ   ၇၆ ဒသမ  ၇  သန်းခန့်) ရှိကြောင်း     မြို့ရေကြီးရေလျှံမှု ထိန်းချုပ်ရေးနှင့်       မိုးခေါင်မှု လျော့ပါးရေးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။ 


စက်တင်ဘာ   ၅   ရက်   ည ၉ နာရီမှစတင်ကာ မြို့တွင်းဒေသ အနှံ့အပြား      မိုးသည်းထန်စွာ  ရွာသွန်းမှု ဖြစ်ပွားခဲ့သည့်အတွက်  မူလတန်းကျောင်းများ၊ အလယ် တန်းကျောင်းများ၊  မူကြိုကျောင်း  များနှင့်    ပြင်ပသင်တန်းကျောင်း  များကို စက်တင်ဘာ ၆ ရက်တွင် ရပ်နားထားဆဲ    ဖြစ်ကြောင်းနှင့် မြို့တွင်း   ဘတ်စ်ကားများ၊    မြေ အောက်ရထားများ၊    ရထားများ နှင့် လေဆိပ်အကြိုအပို့  ဘတ်စ် ကားများ      ပြေးဆွဲမှုကိုလည်း   ယာယီ      ရပ်နားထားကြောင်း သိရသည်။  


ထို့အပြင် အပန်းဖြေစခန်းများ နှင့်    ပန်းခြံများကိုလည်း    ယာယီ ပိတ်ထားကြောင်း     သိရသည်။ ဖူကျန့်ပြည်နယ်သည်      စက်တင် ဘာ  ၅  ရက်  ည  ၁၁  နာရီတွင် မိုးသည်းထန်စွာရွာသွန်းမှုအတွက် အရေးပေါ်တုံ့ပြန် ဆောင်ရွက်မှု အဆင့် (၂) သို့ တိုးမြှင့်ခဲ့သည်။  

                                                                                               
ဆင်ဟွာ