
နေပြည်တော် မတ် ၁၄
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင် ဇေယျသည် မတ် ၁၂ ရက် နံနက် ပိုင်းက အိန္ဒိယသမ္မတနိုင်ငံမှ နည်းပညာ အထောက်အပံ့ဖြင့် ဖွင့်လှစ်ခဲ့သည့် မန္တလေးမြို့ရှိ မြန်မာ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (Myanmar Institute of Information Tech-nology - MIIT) သို့ ရောက်ရှိပြီး ဘာသာရပ်နှင့် သင်တန်းနှစ်တို့ အလိုက် အေးချမ်းရွှင်လန်း၍ စိတ်ပါဝင်စားစွာ လေ့လာသင်ကြား နေကြသော ကျောင်းသား ကျောင်း သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက် သည်။ ထို့နောက် ဒုတိယဝန်ကြီး သည် ကျောင်းသား ကျောင်းသူ များ၏ အဖွဲ့လိုက် Power Point Presentation ဖြင့် ရှင်းလင်း တင်ပြမှုများ၊ IT ဉာဏ်စမ်းပဟေဠိ ဖြေဆိုနေကြမှုများ၊ လက်တွေ့ခန်း များတွင် သုတေသနလုပ်ငန်း များ စမ်းသပ်ဆောင်ရွက်နေကြ မှုများကို ကြည့်ရှုအားပေးသည်။
သုတေသနရလဒ်များအသုံးချ
ယင်းနောက် ဒုတိယဝန်ကြီး သည် တာဝန်ရှိသူများ၊ ကျောင်း သား ကျောင်းသူများနှင့် တွေ့ဆုံခဲ့ ပြီး တိုင်းကျိုးပြည်ပြု IT သုတေ သနစီမံကိန်းများဖြင့် ရှင်သန် သက်ဝင်နေသော တက္ကသိုလ် ရပ်ဝန်းဖြစ်စေရေး၊ ပြည်သူ့ ရေရှည်အကျိုးစီးပွားအတွက် IT ဆန်းသစ်တီထွင်မှုများ ဖွံ့ဖြိုး တိုးတက်လာရေးနှင့် သုတေသန ရလဒ်များကို လက်တွေ့ကျကျ အသုံးချနိုင်ရေး ထိရောက်ပီပြင်စွာ ဆောင်ရွက်ရန်၊ တိုးတက် ပြောင်းလဲမှု မြန်ဆန်လျက်ရှိ သော AI အပါအဝင် နောက်ဆုံး ပေါ် IT နည်းပညာအရွေ့တို့နှင့် အတူ လိုက်ပါနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန် တိုက်တွန်း မှာကြားကာ အခက်အခဲတင်ပြမှု များကို ဖြည့်ဆည်းဆောင်ရွက် ပေးပြီး ပါမောက္ခချုပ်အား ဂုဏ်ပြု လက်ဆောင်နှင့် သုတေသန ထူးချွန်သော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆု များကို ပေးအပ်ချီးမြှင့်သည်။
အင်ဂျင်နီယာကောင်းများဖြစ်ရေး
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး သည် နည်းပညာတက္ကသိုလ် (မန္တလေး) သို့ ရောက်ရှိကာ တာဝန်ရှိသူများကို နိုင်ငံတော် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရာ တွင် ကောင်းစွာအထောက်အကူ ပြု နိုင်မည့် အရည်အသွေးပြည့်မီပြီး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ် အင်ဂျင်နီယာများကို စဉ်ဆက်မပြတ် မွေးထုတ်နိုင် ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားပြီး အခက်အခဲ တင်ပြမှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် စာသင်ခန်း များတွင် သင်ကြား၊ သင်ယူနေကြ သော ကျောင်းသား ကျောင်းသူ များကိုလည်းကောင်း၊ လက်တွေ့ ခန်းများ၊ အလုပ်ရုံများတွင် အဖွဲ့ လိုက် သုတေသနပြုလေ့လာနေ ကြသော ကျောင်းသား ကျောင်းသူ များကိုလည်းကောင်း ကြည့်ရှု အားပေးကာ နိုင်ငံ့အကျိုးပြု မျိုးဆက်သစ် အင်ဂျင်နီယာကောင်း များဖြစ်စေရေးနှင့် သုတေသန များဆောင်ရွက်ရာတွင် MSME စက်မှုလုပ်ငန်းများ၊ ဒေသထွက်တန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်းများ၊ EV နှင့် ပြန်ပြည့်မြဲ စွမ်းအင် စနစ်များ ဖွံ့ဖြိုးတိုးတက်စေရေး တို့ကို ဦးတည်ကြိုးပမ်း ဆောင် ရွက်သွားရန် မှာကြားသည်။
ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်
ယင်းနောက် ဒုတိယဝန်ကြီး သည် တာဝန်ရှိသူများ၊ ကျောင်း သား ကျောင်းသူများနှင့် ရင်းရင်း နှီးနှီး တွေ့ဆုံပြီး သုတေသန ထူးချွန်သော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆု များ ပေးအပ်ချီးမြှင့်သည်။ ညနေ ပိုင်းတွင် ဒုတိယဝန်ကြီးသည် တက္ကသိုလ်ဝင်းအတွင်းရှိ အဆောင် များကို ကြည့်ရှုစစ်ဆေးပြီး လိူအပ်သည်များ မှာကြား၍ ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ လိုအပ်ချက် တင်ပြမှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားကြောင်း သိရသည်။
သတင်းစဉ်