
မန္တလေး ဒီဇင်ဘာ ၈
ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့ နံနက်ပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံ ၏ နည်းပညာအထောက်အပံ့ ဖြင့် တည်ထောင်ဖွင့်လှစ်ခဲ့သည့် မန္တလေးမြို့ရှိ မြန်မာသတင်း အချက်အလက် နည်းပညာ တက္ကသိုလ် (Myanmar Institute of Information Technology - MIIT)သို့ ရောက်ရှိခဲ့ပြီး အေးချမ်း ပျော်ရွှင်စွာ ပညာသင်ယူလျက် ရှိသော ကျောင်းသား ကျောင်းသူ များကို ရင်းရင်းနှီးနှီး နှုတ်ဆက် ကာ တိုင်းကျိုးပြည်ပြု အိုင်တီ နည်းပညာရှင်များ ဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး သည် အဖွဲ့လိုက်သုတေသန ဆောင်ရွက်လျက်ရှိကြသော ဆရာ များ၊ ကျောင်းသားများကို ကြည့်ရှု အားပေးကာ နိုင်ငံ့ဂုဏ်ရောင် ထွန်းပြောင်စေသည့် အိုင်တီပညာ ရှင်များ ဖြစ်စေရေး၊ သုတေသန ရလဒ်များကို MSMEs များတွင် အသုံးချနိုင်ရေး မှာကြားပြီး တာဝန်ရှိသူများအား ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရန် နောက်ဆုံး ပေါ် အိုင်တီနည်းပညာများကို လေ့လာကြရန်နှင့် ပြည်သူ့အကျိုး ကို လက်တွေ့ကျကျ အထောက် အကူပြုမည့် သုတေသနများ ဆောင်ရွက်ကြရန် မှာကြားကာ မိုးလုံလေလုံ အားကစားရုံ၌ ဘတ်စကက်ဘော ကစားနေသော ကျောင်းသားများကို ကြည့်ရှု အားပေးသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီး သည် ကွန်ပျူတာတက္ကသိုလ် (မန္တလေး) သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ မွန်မြတ်သော အနန္တဂိုဏ်းဝင် ဆရာများအဖြစ် ခံယူချက်၊ ယုံကြည်ချက်များ မှန်ကန်မြင့်မား သော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်စေရေး လိုက်နာဆောင်ရွက်ရန် မှာကြားပြီး အတွင်းအဆောင်နေ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ နိုင်ငံ့ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ၌ အရည်အသွေး ပြည့်ဝသော အိုင်တီပညာရှင် များအဖြစ် ပါဝင်နိုင်ရေး ရည်မှန်း ဆောင်ရွက်ကြရန်၊ စာကောင်း ပေမွန်များ ဖတ်ရှုရေး၊ အားကစား လှုပ်ရှားမှုများ ဆောင်ရွက်ရေး မှာကြားပြီး အခက်အခဲတင်ပြမှု များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီး သည် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)သို့ ရောက်ရှိပြီး အင်ဂျင်နီယာဌာနရှိ အလုပ်ရုံများ နှင့် ကျောင်းတွင်းအဆောင်များ ကို ကြည့်ရှုစစ်ဆေးကာ ပြည်သူ့ အကျိုးပြု လူကောင်းလူတော် အိုင်တီနည်းပညာရှင်များ ဖြစ်စေ ရေး ကြိုးပမ်းစွမ်းဆောင်ကြရန် မှာကြားကြောင်း သိရသည်။
သတင်းစဉ်