တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့သန့်ရှင်းသပ်ရပ်လှပစေရေး ကြည့်ရှုစစ်ဆေး

ပဲခူး    မတ်   ၆


ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်   တိုင်းဒေသ ကြီးဝန်ကြီးများ၊  တာဝန်ရှိသူများ နှင့်အတူ   ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့    ဘုရင့်နောင်    ဝန်ထမ်း အိမ်ရာ  လေးခန်းတွဲ   ငါးထပ်၊   လေးလုံး တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး အရိပ်ရသစ်ပင် များ  စိုက်ပျိုးသွားရန်၊   ကြီးကြပ်မှု ကော်မတီဝင်များဖြင့်    အဆောက် အအုံများကို    စနစ်တကျစိစစ် လက်ခံ   ဆောင်ရွက်သွားရန်နှင့်   အိမ်ရာဝင်း ရေစီးရေလာကောင်း မွန်ရေး ဆောင်ရွက်ရန်  တာဝန် ရှိသူများအား မှာကြားသည်။


ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်   ဥဿာမြို့သစ် ၌       တည်ဆောက်လျက်ရှိသော အားကစားဥယျာဉ်         စီမံကိန်း အဆင့်မြှင့်တင်နေမှုကို  ကြည့်ရှု စစ်ဆေးပြီး   ဝင်/ထွက်လမ်းများ စနစ်တကျ  ပြန်လည်ဖော်ထုတ်ရန်၊     ကျူးကျော်နေထိုင်မှု    မရှိစေရေး တာဝန်ရှိသူများအား  မှာကြား သည်။
ယင်းနောက် တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့်  အဖွဲ့သည် ပဲခူး တက္ကသိုလ်အနီး             ရန်ကုန်-မန္တလေးကားလမ်းနှင့်    ပဲခူးမြို့ အနောက်ဘက်    မြို့ရှောင်လမ်း ကြား (Public Area)   မြေနေရာ၌ ဘုရင့်နောင်ရုပ်တုနှင့်       ရင်ပြင် ပန်းခြံ              အဆင့်မြှင့်တင်ခြင်း လုပ်ငန်း                  ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန်နှင့်  ယာဉ် အန္တရာယ်/           လမ်းအန္တရာယ် ကင်းရှင်းရေး     စဉ်းစားဆောင်ရွက် ရန်  တာဝန်ရှိသူများအား မှာကြား သည်။ 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်            အဖွဲ့သည်       ကမ္ဘောဇသာဒီ နန်းတော်အတွင်းရှိ   ဟံသာဝတီရှေးဟောင်းသုတေသန ပြတိုက်သို့ရောက်ရှိပြီး     ပြတိုက် ပတ်ဝန်းကျင်  သန့်ရှင်းသပ်ရပ်စေ ရေး၊    Landscaping Design ပြန်လည်ရေးဆွဲ ဆောင်ရွက်ရန် နှင့်   ပြတိုက်အတွင်း  ပြန်လည် အဆင့်မြှင့်တင်         လုပ်ငန်းများ  ဆောင်ရွက်သွားရန် တာဝန်ရှိသူ များအား မှာကြားခဲ့ကြောင်း သိရ သည်။        


                  သတင်းစဉ်