တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ ခန့်အပ်တာဝန်ပေး

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်    ၂၅  / ၂၀၂၂
၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော်   ၇    ရက်
(၂၀၂၂  ခုနှစ်၊  မတ်လ   ၂၃  ရက်)
တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်     ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ  အောက်ဖော်ပြပါ  ပုဂ္ဂိုလ်များအား  ယှဉ်တွဲပါ တိုင်းဒေသကြီးတရားလွှတ်တော်  သို့မဟုတ်   ပြည်နယ်တရား လွှတ်တော်  တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-
    (၁)    ဦးညွန့်လင်း    ကရင်ပြည်နယ်တရားလွှတ်တော်
    (၂)    ဒေါ်နုနုခင်    ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်
    (၃)    ဦးသန်းဦးလွင်    ရှမ်းပြည်နယ်တရားလွှတ်တော်
            အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး