တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ နေထိုင်သော ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် Stay at home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးဝန်ကြီးဌာန
အမိန့်အမှတ်၊  ၄၆၅/၂၀၂၁
၁၃၈၃ ခုနှစ်၊  သီတင်းကျွတ်လပြည့်ကျော်    ၇    ရက်
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ  ၂၇   ရက်)

 


ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါများ   ကာကွယ် နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
၁။    ကျန်းမာရေးဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါ  (Coronavirus  Disease  2019 – COVID-19)  ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို        အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို  ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်   နေပြည်တော်၊    တိုင်းဒေသကြီး/ပြည်နယ်များ အတွင်းရှိ သက်ဆိုင်ရာမြို့နယ်များမှ ရောဂါကူးစက်မှုများပြားသော မြို့နယ်များအတွင်းရှိ   ပြည်သူများအနေဖြင့်   မိမိနေအိမ်တွင် နေထိုင်ရေး (Stay at home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း အမိန့်များထုတ်ပြန်ကြေညာခဲ့ပါသည်။ 

 


၂။    သို့ရာတွင် သက်ဆိုင်ရာမြို့နယ်များအတွင်းနေထိုင်သည့် ပြည်သူ များအနေဖြင့်  ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များကို တိကျစွာလိုက်နာသဖြင့် လွန်ခဲ့သော(၁၄)ရက်အတွင်း ကိုဗစ်- ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ထပ်မံတွေ့ရှိရမှု လျော့နည်းလာခြင်း၊ ဓာတ်ခွဲအတည်ပြု လူနာများမှာလည်း တစ်ဦးမှတစ်ဦးသို့ အစုလိုက် ကူးစက်ဖြစ်ပွားမှု လျော့နည်းလာခြင်း၊ Stay at home အစီအစဉ် ဆောင်ရွက်စဉ်ကာလအတွင်း ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်း လုပ်ငန်းများအား သက်ဆိုင်ရာအစိုးရဌာန၊  အဖွဲ့အစည်းများနှင့် ပြည်သူများက အလေးထားဆောင်ရွက်ခဲ့ခြင်း၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူအားလုံးကို ရှာဖွေဖော်ထုတ်၍ ဓာတ်ခွဲ နမူနာရယူ စစ်ဆေးရာတွင်လည်း လွန်ခဲ့သော  (၁၄)ရက်အတွင်း  ထပ်မံတွေ့ရှိရမှုလျော့နည်းလာခြင်း၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ နှီးနွှယ်သည့် ဌာန၊ အဖွဲ့အစည်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပြည်သူလူထုက ရောဂါကာကွယ်၊ ထိန်းချုပ် ရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့မှုများ ကြောင့် ပိုးတွေ့လူနာများ လျော့နည်းလာကြောင်း စိစစ်တွေ့ရှိရပါ သည်။

 


၃။    သို့ဖြစ်ပါ၍    အောက်ဖော်ပြပါ    တိုင်းဒေသကြီး/ပြည်နယ်များ အတွင်းရှိ   မြို့နယ်များမှ    နေထိုင်သော    ပြည်သူများအနေဖြင့်    ၂၈-၁၀-၂၀၂၁ ရက်၊ နံနက်(၄)နာရီအချိန်မှစ၍ မိမိနေအိမ်တွင် နေထိုင် ရန် Stay at home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်လိုက် သည်-


    (က)    ချင်းပြည်နယ်
        (၁)    တွန်းဇံမြို့နယ်။        
    (ခ)    စစ်ကိုင်းတိုင်းဒေသကြီး
        (၁)    ဟုမ္မလင်းမြို့နယ်။    
    (ဂ)    ပဲခူးတိုင်းဒေသကြီး
        (၁)    တောင်ငူမြို့နယ်၊ 
        (၂)    ကျောက်တံခါးမြို့နယ်၊ 
        (၃)    ညောင်လေးပင်မြို့နယ်၊
        (၄)    ဝေါမြို့နယ်၊
        (၅)    မင်းလှမြို့နယ်၊ 
        (၆)    လက်ပံတန်းမြို့နယ်၊ 
        (၇)    သာယာဝတီမြို့နယ်၊ 
        (၈)    အုတ်ဖိုမြို့နယ်။      
    (ဃ)    မကွေးတိုင်းဒေသကြီး
        (၁)    ပွင့်ဖြူမြို့နယ်။        
    (င)    မန္တလေးတိုင်းဒေသကြီး
        (၁)    ချမ်းမြသာစည်မြို့နယ်၊ 
        (၂)    ချမ်းအေးသာစံမြို့နယ်၊ 
        (၃)    ပြည်ကြီးတံခွန်မြို့နယ်၊ 
        (၄)    မဟာအောင်မြေမြို့နယ်၊ 
        (၅)    အောင်မြေသာစံမြို့နယ်၊ 
        (၆)    ပုသိမ်ကြီးမြို့နယ်၊ 
        (၇)    အမရပူရမြို့နယ်၊ 
        (၈)    မြင်းခြံမြို့နယ်၊      
        (၉)    ပျော်ဘွယ်မြို့နယ်၊
        (၁၀)    ရမည်းသင်းမြို့နယ်။         
    (စ)    မွန်ပြည်နယ်
         (၁)    သထုံမြို့နယ်။        
    (ဆ)    ရန်ကုန်တိုင်းဒေသကြီး
        (၁)    တိုက်ကြီးမြို့နယ်၊ 
        (၂)    မင်္ဂလာဒုံမြို့နယ်၊ 
        (၃)    ရွှေပြည်သာမြို့နယ်၊ 
        (၄)    လှိုင်သာယာမြို့နယ်၊ 
        (၅)    အင်းစိန်မြို့နယ်၊ 
        (၆)    တာမွေမြို့နယ်၊ 
        (၇)    တောင်ဥက္ကလာပမြို့နယ်၊ 
        (၈)    ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ 
        (၉)    မင်္ဂလာတောင်ညွန့်မြို့နယ်၊ 
        (၁၀)    မြောက်ဥက္ကလာပမြို့နယ်၊ 
        (၁၁)    ရန်ကင်းမြို့နယ်၊
        (၁၂)    သာကေတမြို့နယ်၊ 
        (၁၃)    သင်္ဃန်းကျွန်းမြို့နယ်၊
        (၁၄)    ခရမ်းမြို့နယ်၊ 
        (၁၅)    ကမာရွတ်မြို့နယ်၊ 
        (၁၆)    ကြည့်မြင်တိုင်မြို့နယ်၊ 
        (၁၇)    စမ်းချောင်းမြို့နယ်၊ 
        (၁၈)    ဗဟန်းမြို့နယ်၊ 
        (၁၉)    မရမ်းကုန်းမြို့နယ်၊ 
        (၂၀)    လှိုင်မြို့နယ်။        
    (ဇ)    ဧရာဝတီတိုင်းဒေသကြီး
        (၁)    ဘိုကလေးမြို့နယ်၊         
        (၂)    ဟင်္သာတမြို့နယ်။          

 

 
၄။    အထက်ပါမြို့နယ်များအား Stay at home အစီအစဉ်မှ ပယ်ဖျက် ပြီး နောက်တွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့်  သက်ဆိုင်သည့် စည်းကမ်းချက်များကို တိကျစွာ လိုက်နာကြရမည်ဖြစ်သည်။ 

ဒေါက်တာသက်ခိုင်ဝင်း
ပြည်ထောင်စုဝန်ကြီး

Type