
နေပြည်တော် ဇန်နဝါရီ ၁၇
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှု ရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နိုင်ငံတစ်ဝန်းတွင် ဆောင်ရွက် ပေးလျက်ရှိရာ လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ် အအေးလမ်းကြောင်း စံချိန် စံညွှန်းများအတိုင်း တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ် ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများ ဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက် ရှိသည်။
ထိုသို့ ပို့ဆောင်ဖြန့်ဖြူးပေး လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေး သိုလှောင် ခန်းတွင် ထားရှိသည့် ဆေး တစ်လုံးလျှင် လူငါးဦး ထိုးနှံနိုင် သော Sinopharm နှင့် Myanco-pharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ဆေးထိုးအပ် များမှ ကချင်ပြည်နယ် မြစ်ကြီး နားမြို့သို့ Sinopharm ဆေး ၆၄၄၁ လုံး၊ Myancopharm ဆေး ၆၁၉၀ နှင့် ဆေးထိုးအပ်များ၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ သို့ Sinopharm ဆေး ၁၄၀၉ လုံး၊ Myancopharm ဆေး ၅၉၆ လုံး နှင့် ဆေးထိုးအပ်များကို ယနေ့ တွင် တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးကြသည်။
အဆိုပါ ကာကွယ်ဆေးများနှင့် ဆေးထိုးအပ်များကို တာဝန်ရှိ သူများက အသီးသီးလက်ခံခဲ့ကြ ပြီး သက်ဆိုင်ရာ နေရာများသို့ ဆက်လက် ဖြန့်ဖြူးပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်