
နေပြည်တော် မတ် ၁၀
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို တပ်မတော် သား ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍ အင်တိုက် အားတိုက် ဆောင်ရွက်ပေး လျက်ရှိရာ ၎င်းလုပ်ငန်းများ တွင် အထောက်အကူဖြစ်စေရန် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ် အအေးလမ်းကြောင်း စံချိန်စံညွှန်း များအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ တပ်မတော် (လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး မရမ်း ကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း ၌ ထားရှိသော အိန္ဒိယနိုင်ငံထုတ် ဆေးတစ်လုံးလျှင် လူ ၁၀ ဦး ထိုးနှံ နိုင်သည့် Covaxin နှင့် ဆေး တစ်လုံးလျှင် လူ ၁၁ ဦး ထိုးနှံနိုင် သည့် Covishield အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို ယနေ့တွင် ပို့ဆောင်ပေးရာ မုံရွာမြို့သို့ Covaxin ၂၀၅၇၆ လုံး၊ Covishield ၄၆၂ လုံးနှင့် ဆေးထိုး အပ် ၁၄၀၄၀၀ ၊ မန္တလေးမြို့သို့ Covaxin ၆၆၄၉ လုံး၊ Covishield ၅၉၆၅၈ လုံးနှင့် ဆေးထိုးအပ် ၅၇၆၀၀၀ တို့ကို မြေပြင် အအေးမပြတ်လမ်းကြောင်း Cold Chain Delivery Logistics မော်တော်ယာဉ်ကြီး များဖြင့် ဆက်လက်ပို့ဆောင် ဖြန့်ဖြူး ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်