တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   ဇန်နဝါရီ  ၃
တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတို့၌   ကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်လျက် ရှိရာ  ဇန်နဝါရီ ၂ ရက်နှင့်  ယနေ့ တွင်   ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ    ၄၅၂၇  ဦးနှင့်    ပဲခူးတိုင်းဒေသကြီး   တောင်ငူမြို့၌ ဒေသခံပြည်သူ     ၁၉၇  ဦးတို့ကို     တပ်မတော်မှ   ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊   စေတနာ့ဝန်ထမ်းများနှင့်   ပူးပေါင်း၍   ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေး    ထိုးနှံပေးခြင်း များ   ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                
 သတင်းစဉ်