တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   နိုဝင်ဘာ   ၂


တိုင်းဒေသကြီးနှင့်     ပြည်နယ် အသီးသီးတို့၌    ကာကွယ်ဆေး ထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေ မြို့နယ်၌ ဒေသခံပြည်သူ ၄၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌  ဒေသခံ ပြည်သူ ၅၄၀၄ ဦး၊ ရခိုင်ပြည်နယ် နှင့်     ချင်းပြည်နယ်အတွင်းရှိ မြို့နယ် သုံးမြို့နယ်တို့၌  ဒေသခံ ပြည်သူ ၇၆၄ ဦး၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ    ခရိုင်ခုနစ်ခု တို့မှ ဒေသခံပြည်သူ ၂၅၁၃ ဦးနှင့် ပဲခူးတိုင်းဒေသကြီး   တောင်ငူမြို့ ၌    ဒေသခံပြည်သူ   ၁၁၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ   ဆရာဝန် များ၊   သက်ဆိုင်ရာ  ကျန်းမာရေး ဝန်ထမ်းများ၊     စေတနာ့ဝန်ထမ်း များနှင့်    ပူးပေါင်း၍   ကိုဗစ်-၁၉   ရောဂါ   ကာကွယ်ဆေး   ထိုးနှံပေး သည်။

 


ထို့အတူ       ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ  ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး  အတွင်း ရှိ     မြို့နယ်  ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၃၉၇၈ ဦးနှင့်      မန္တလေးတိုင်းဒေသကြီး အတွင်းရှိ   ခရိုင်ခုနစ်ခု၌ ကျောင်း သား ကျောင်းသူ ၁၀၆ ဦးတို့ကို တပ်မတော်မှ   ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ    ဆရာဝန် များ၊   သက်ဆိုင်ရာ  ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့်    ပူးပေါင်း၍   ကိုဗစ်- ၁၉  ရောဂါ   ကာကွယ်ဆေး   ထိုးနှံပေး သည်။

 


ထို့ပြင်     ကိုဗစ်-၁၉   ရောဂါ ထိန်းချုပ်      ကာကွယ်ရာတွင် အထောက်အကူ      ဖြစ်စေရန် အတွက်    နှာခေါင်းစည်းများကို ပြည်သူများ လက်ဝယ်အရောက် တိုင်းစစ်ဌာနချုပ်    အသီးသီးမှ တာဝန်ရှိသူများက အခမဲ့ပေးဝေ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၄၄ မြို့နယ်၊ ရခိုင်ပြည်နယ် အမ်းမြို့နှင့်  မန္တလေးတိုင်းဒေသ ကြီး ညောင်ဦးခရိုင် ကျောက်ပန်း တောင်းမြို့နယ်တို့၌      စာသင် ကျောင်းများ၊   ဈေးများ၊    လမ်း များ၊      မြို့အဝင်ဂိတ်များနှင့် လူစည်ကားရာ   နေရာများတွင် နယ်မြေခံတပ်မတော်သားများက ခရိုင်/ မြို့နယ်  စီမံအုပ်ချုပ်ရေး အဖွဲ့မှ    တာဝန်ရှိသူများ၊    ဌာန ဆိုင်ရာဝန်ထမ်းများ၊   ပရဟိတ အဖွဲ့များနှင့်   ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေး ဆောင်ရွက်ခြင်း၊ နှာခေါင်းစည်းများ    တပ်ဆင်ပြီး သွားလာကြရန် လှုံ့ဆော်ခြင်းနှင့် နှာခေါင်းစည်းများအား    ဒေသခံ ပြည်သူများ  လက်ဝယ်အရောက် အခမဲ့ပေးဝေ လှူဒါန်းကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်