တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်  စက်တင်ဘာ   ၂၂


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေး    ထိုးနှံခြင်းသည်  အဓိကအခန်းကဏ္ဍတွင်   ပါဝင် သည့်    လုပ်ငန်းတစ်ရပ်ဖြစ်သော ကြောင့်   ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို  တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီး တို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း များကို    အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ သံဃာတော်များ၊ သာသနာ့နွယ် ဝင် သီလရှင်များ၊  ဘာသာရေး ခေါင်းဆောင်များ   အပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် (၅၅)နှစ် အထက် ဒေသခံပြည် သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်း သား   လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံ  ရှိသူများ၊ ကယ်ဆယ်ရေး           စခန်းများနှင့် ယာယီတိုက်ပွဲရှောင်     စခန်းများ တွင်ရှိ    ပြည်သူများ     စသည့်  ဦးတည်အုပ်စု (၁၆)စု သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ     ကာကွယ် ဆေးများကို  နေ့စဉ်   ထိုးနှံပေး လျက်ရှိသည်။ ယနေ့တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်း ရှိ  မြို့နယ် ငါးမြို့နယ်၌ ၂၈၀၃ ဦး၊  ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ် မြို့နယ် ဝမ်ဟုန်ကျေးရွာရှိ ဒေသခံ ‘ ဝ ’တိုင်းရင်းသား ၄၇၇၉ ဦး၊ ကျိုင်းတုံမြို့နယ်၊  တာချီလိတ်မြို့ နယ်နှင့် မိုင်းဆတ်မြို့နယ်တို့၌ ၁၄၅၀ ၊  မွန်ပြည်နယ်နှင့်  ကရင် ပြည်နယ်အတွင်းရှိ  မြို့နယ် ၁၄ မြို့နယ်၌ ၃၁၆၈၁ ဦး၊ တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့နယ်နှင့် ခမောက်ကြီးမြို့နယ်တို့၌ ၁၈၉၀၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ငါးမြို့နယ်တို့၌ ၄၆၅၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၈ မြို့နယ်တို့၌ ၁၀၄၆၅ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည် နယ်အတွင်းရှိ မြို့နယ် ၁၁ မြို့နယ် တို့၌ ၁၂၈၄၈ ဦး၊  စစ်ကိုင်းတိုင်း ဒေသကြီး တန့်ဆည်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့၌ ၁၃၁၀၊   မန္တလေးတိုင်းဒေသကြီး အတွင်းရှိ    ခရိုင်ခြောက်ခုတို့၌ ၂၃၆၇၉ ဦးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၂ မြို့နယ်တို့၌ ၁၄၀၅၀ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက     ပြည်သူ့ဆေးရုံများမှ   ဆရာဝန်များ၊     သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်             ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ  ကာကွယ်ဆေး ထိုးနှံပေးခြင်းများ  ဆောင်ရွက်ပေး နိုင်ခဲ့သည်။


ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ  တိုင်းစစ်ဌာန ချုပ်များမှ       တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ            ညှိနှိုင်း ဆောင်ရွက်ပေးခဲ့      ကြကြောင်း သတင်းရရှိသည်။    

သတင်းစဉ်