တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော် ဇူလိုင်  ၁၀


တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်   သီလရှင်များ၊ ဘာသာရေး  ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ၊   နာတာရှည်ရောဂါအခံရှိ သူများ၊  ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်  စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထက်  အခြေခံ ပညာမူလတန်း၊   အလယ်တန်း နှင့် အထက်တန်းအဆင့် ကျောင်းသား   ကျောင်းသူများ စသည့်      ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ  ဆေး အဖွဲ့များ၊   ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊       သူနာပြုများ၊ ကျန်းမာရေး    ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း    လုပ်ငန်းများကို   ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်  ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်၂၆မြို့နယ် တို့၌ ဒေသခံပြည်သူ ၉၃၂၁ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ငါးမြို့နယ်တို့၌   ဒေသခံပြည်သူ ၉၁၄ ဦး၊  မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်ခုနစ်ခုတို့မှ ဒေသခံ ပြည်သူ  ၁၀၉၃၅   ဦး  တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ   ဆရာဝန် များ၊ သက်ဆိုင်ရာ  ကျန်းမာရေး ဝန်ထမ်းများ၊  စေတနာ့ဝန်ထမ်း များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံပေးသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိ သူများက   သွားရောက်ကြည့်ရှု အားပေးပြီး   လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြကြောင်း သတင်းရရှိသည်။          

သတင်းစဉ်