
နေပြည်တော် ဖေဖော်ဝါရီ ၂၅
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက် ၄၀ အထက် ဒေသခံ ပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ များ စသည့်ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေး အဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့၌ ဒေသခံပြည်သူ ၁၁၀ ၊ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၂ မြို့နယ်တို့၌ ဒေသခံ ပြည်သူ ၄၀၂၂ ဦး၊ ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ်၌ ဒေသခံပြည်သူ ၃၀၇ ဦး၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၄၀၇၀ ၊ ရခိုင်ပြည်နယ်အတွင်း ရှိ မြို့နယ် ၁၀ မြို့နယ်တို့၌ သံဃာတော်များနှင့် ဒေသခံ ပြည်သူ ၁၀၅၃၈ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ တန့်ဆည် မြို့နယ်၌ ဒေသခံပြည်သူ ၃၀၀၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်ခုနစ်ခုမှ ဒေသခံပြည်သူ ၇၄၁၀ နှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ တောင်ငူမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့၌ ဒေသခံ ပြည်သူ ၂၈၀ တို့ကို တပ်မတော် မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးသည်။
ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၁၂၁ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့်ပြည်နယ်များမှ ဝန်ကြီး ချုပ်များနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်