တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်  ဇန်နဝါရီ    ၂၆


တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင် များ၊   ဘာသာရေးခေါင်းဆောင်များ  အပါ အဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၄၀ အထက်  ဒေသခံပြည်သူများ၊  အကျဉ်းသား၊ အကျဉ်းသူများ၊  မသန်စွမ်းသူများ၊ တိုင်းရင်း သား    လက်နက်ကိုင်အဖွဲ့များ၊    နာတာရှည် ရောဂါအခံရှိသူများ၊    ကယ်ဆယ်ရေးစခန်း များ၊ ယာယီတိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံ ပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများစသည့်  ဦးတည် အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာ ပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက      ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ   ဇန်နဝါရီ ၂၅  ရက်နှင့်    ယနေ့တွင်     ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ  မြို့နယ် ၁၁ မြို့နယ်၌ ဒေသခံပြည်သူ ၄၀၇၁ ဦး၊   ရှမ်းပြည်နယ် အရှေ့ပိုင်းအတွင်းရှိ    မြို့နယ်သုံးမြို့နယ်၌ ဒေသခံပြည်သူ ၁၅၃၄ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ် ၌ ဒေသခံပြည်သူ  ၃၅၇၂ ဦး၊   ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ်နှင့် တာမွေမြို့နယ် ၌ ဒေသခံပြည်သူ ၉၁၉ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၅၀၄၀၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ငါးမြို့နယ်၌ ဒေသခံပြည်သူ ၆၃၈၀၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခု တို့၌ ဒေသခံပြည်သူ ၈၄၄၉ ဦးနှင့် ပဲခူးတိုင်း ဒေသကြီး ထန်းတပင်မြို့နယ်၌ ဒေသခံပြည်သူ ၂၃၆ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင် ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးသည်။ 

 


ထို့အတူ ကျောင်းသား ကျောင်းသူများကို လည်း   ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေး များ  ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီ ၂၅ ရက် နှင့်    ယနေ့တွင်     ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့၌ ကျောင်းသား ကျောင်းသူ ၂၃၀၊ ရှမ်းပြည်နယ်အရှေ့ပိုင်း   ကျိုင်းတုံမြို့နယ်ရှိ ကျောင်းသား ကျောင်းသူ ၂၀၈ ဦး၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ် ၌  ကျောင်းသား  ကျောင်းသူ   ၂၆၅  ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊    စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများကို သက် ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ  တာဝန်ရှိသူများ က     ကြည့်ရှုအားပေးပြီး    လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။          


သတင်းစဉ်