
နေပြည်တော် ဇူလိုင် ၁၀
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်တို့ ပူးပေါင်းမှုဖြင့် ၂၀၂၂ ခုနှစ် တိုင်း ဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော် ခြင်းပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(C)ရုံ၌ ယနေ့နံနက် ၈ နာရီမှစတင်၍ ကျင်းပရာ နှစ်ယောက်တွဲ အသင်းလိုက် (အမျိုးသား) ဆီမီး ဖိုင်နယ်တွင် ကချင်ပြည်နယ် အသင်းက မကွေးတိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်း ကောင်း၊ မွန်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရသည်။
ဆက်လက်၍ နှစ်ယောက်တွဲ အသင်းလိုက်(အမျိုးသား) တတိယ လုပွဲယှဉ်ပြိုင်ရာ ပြည်ထောင်စု နယ်မြေ နေပြည်တော်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကိုနှစ်ပွဲ - တစ်ပွဲဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲတွင် ကချင်ပြည်နယ် အသင်းက မွန်ပြည်နယ်အသင်း ကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲ သည်။
အားကာမောင်