တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုလျှင် ပါရဂူဘွဲ့သင်တန်း ဖွင့်လှစ်သည့်တက္ကသိုလ် အနည်းဆုံးတစ်ခုရှိရေး ဦးတည်ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်    ဇွန်   ၁


တက္ကသိုလ်များ၌    ပါရဂူဘွဲ့ သင်တန်းများ၊ အသုံးချဘာသာရပ် များ၊   ဝိဇ္ဇာဘွဲ့ (ဥပဒေပညာ) နှင့် ဝိဇ္ဇာဘွဲ့        (စီးပွားရေးပညာ) သင်တန်းများ  ဖွင့်လှစ်သင်ကြား နိုင်ရေး    လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို  ယနေ့နံနက် ၁၀ နာရီ တွင်  နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန  အစည်းအဝေးခန်းမ ၌ ကျင်းပသည်။

 


အစည်းအဝေး     တွင် ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ ညွန့်ဖေ က ၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်    စာမေးပွဲအောင်မြင်သည့် ကျောင်းသား   ကျောင်းသူများ အတွက်    တက္ကသိုလ်များတွင်  ပုံမှန်သင်ယူနေကျ    ဘာသာရပ် များအပြင်    ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြုသည့်    အသုံးချ ဘာသာရပ်များ ထည့်သွင်းဖွင့်လှစ် သင်ကြားနိုင်ရေး၊  တက္ကသိုလ်များ တွင်       ပါရဂူဘွဲ့သင်တန်းများ ဖွင့်လှစ်       သင်ကြားနိုင်ရေးနှင့် ဝိဇ္ဇာဘွဲ့ (ဥပဒေပညာ)နှင့် ဝိဇ္ဇာဘွဲ့ (စီးပွားရေးပညာ) ဘာသာရပ်များ တိုးချဲ့ဖွင့်လှစ်   သင်ကြားနိုင်ရေး ကိစ္စရပ်များကို     ဆွေးနွေးညှိနှိုင်း မည်ဖြစ်ကြောင်း၊   ၂၀၂၂   ခုနှစ် တက္ကသိုလ်ဝင်ခွင့်         လမ်းညွှန် စာအုပ်တွင်     ထည့်သွင်းဖော်ပြ ရမည့်  အချက်အလက်များကို ညှိနှိုင်းဆုံးဖြတ်ကြမည်ဖြစ်ကြောင်း။

 


တက္ကသိုလ်၊  ဒီဂရီကောလိပ် များတွင်          အမှန်တကယ် တတ်မြောက်အောင်   သင်ကြား ပေးနိုင်မည့်   အသုံးချဘာသာရပ် များ    ဖွင့်လှစ်နိုင်ရန်    လိုအပ် ကြောင်း၊    တက္ကသိုလ်၊    ဒီဂရီ ကောလိပ်တိုင်း အသုံးချ ဘာသာ ရပ်များ    တူညီနေရန်  မလိုအပ်ဘဲ မိမိတို့ဒေသ     လိုအပ်ချက်နှင့် အမှန်တကယ်        ကိုက်ညီရန် လိုအပ်ကြောင်း၊ အသုံးချဘာသာ ရပ်သင်တန်းများ    ဖွင့်လှစ်နိုင်ရေး အတွက် ဆရာ ဆရာမအင်အား နှင့်    သင်ထောက်ကူပစ္စည်းများ၊ စက်ပစ္စည်းများ၊              ရည်ညွှန်း စာအုပ်များ   လုံလောက်မှု  ရှိ/မရှိ စိစစ်သုံးသပ်      တင်ပြကြစေ လိုကြောင်း။

 


တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုလျှင်    ပါရဂူဘွဲ့သင်တန်း ဖွင့်လှစ်သည့်       တက္ကသိုလ် အနည်းဆုံးတစ်ခုရှိရေး  ဦးတည် ဆောင်ရွက်လျက်ရှိရာ    အမှန် တကယ်  ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်ချက်များ  ပြည့်စုံမှု ရှိ၊ မရှိ စိစစ်သုံးသပ်    ဆုံးဖြတ်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။ 

 


ထို့နောက်  ပညာရေးဝန်ကြီး ဌာန  ဒုတိယဝန်ကြီး  ဒေါက်တာ ဇော်မြင့်နှင့်  အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းတို့က တက္ကသိုလ် အလိုက်  အသစ်ဖွင့်လှစ်သင်ကြား ရန်လျာထားသည့်     ပါရဂူဘွဲ့ သင်တန်းများ၊ အသုံးချဘာသာရပ် သင်တန်းများနှင့် ဝိဇ္ဇာဘွဲ့ (ဥပဒေ ပညာ)နှင့်   ဝိဇ္ဇာဘွဲ့ (စီးပွားရေး ပညာ) သင်တန်းများကို ပါမောက္ခ ချုပ်များ၊   ဘာသာရပ်သင်ကြား ရေးအဖွဲ့  ဆော်ဩသူ  ပါမောက္ခ များနှင့်          ညှိနှိုင်းဆွေးနွေး သဘောတူညီခဲ့ကြကြောင်း    သိရ သည်။ 

သတင်းစဉ်