
နေပြည်တော် စက်တင်ဘာ ၁၈
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာန များနှင့် ကိုဗစ်စင်တာများ၌ တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး သိုလှောင်ခန်းတွင်ထားရှိသည့် ကိုဗစ်ရောဂါကာကွယ်ဆေးများကို စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော် ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ကာကွယ်ဆေးများ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေး
ထိုသို့ ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် ပြည်မြို့သို့ ကာကွယ်ဆေး ၂၂၈၃၇ လုံး၊ မကွေးမြို့သို့ ကာကွယ်ဆေး ၃၃၂၄၃ လုံး၊ နေပြည်တော် ကောင်စီနယ်မြေသို့ ကာကွယ်ဆေး ၁၀၇၇၃၆ လုံးတို့ကို မြေပြင်ခရီး လမ်းကြောင်းမှ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီး များဖြင့် ဆက်လက်ပို့ဆောင်ပေးရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူပြီး သက်ဆိုင်ရာနေရာ များသို့ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။
လေကြောင်းခရီးဖြင့် ဆက်လက်ဖြန့်ဖြူး
ယင်းသို ပို့ဆောင်ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ကာကွယ်ဆေးများကို ဦးတည်အုပ်စု လူဦးရေ၊ ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများ သို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ဝေးလံ ခက်ခဲသောဒေသများသို့ တပ်မတော် (လေ)မှ ပို့ဆောင်ရေးလေယာဉ်၊ ရဟတ်ယာဉ်များ၊ မြန်မာ့လေကြောင်းတို့၏ အကူအညီများရယူကာ လေကြောင်းခရီးဖြင့်လည်း ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်