
နေပြည်တော် စက်တင်ဘာ ၁၃
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော် ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့်ကိုဗစ်စင်တာများတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယင်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေးသိုလှောင်ခန်း တွင်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီး များဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးအလုံးပေါင်း ၃၀၀၀၀၀၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ ဆေးအလုံးပေါင်း ၂၃၀၀၀၀၊ မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ဆေးအလုံးပေါင်း ၁၁၈၀၀၀၊ ကရင်ပြည်နယ် ဘားအံမြို့သို့ ဆေးအလုံးပေါင်း ၅၀၀၀၀ ၊ မကွေးတိုင်း ဒေသကြီးသို့ ဆေးအလုံးပေါင်း ၁၅၀၀၀၀နှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ ဆေးအလုံးပေါင်း ၈၀၀၀၀ တို့ကို မြေပြင်ခရီးလမ်း ကြောင်းမှ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ဆက်လက်ပို့ဆောင် ပေးသည်။
ယင်းသို့ ပေးပို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးတည်အုပ်စုလူဦးရေ ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့
အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ပြီး ဝေးလံခက်ခဲသောဒေသများသို့ တပ်မတော် (လေ) ပို့ဆောင်ရေးလေယာဉ်များနှင့် မြန်မာ့ လေကြောင်းတို့၏ အကူအညီများရယူကာ လေကြောင်း ခရီးဖြင့်လည်း ဆက်လက်ဖြန့်ဖြူးပေး လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်