တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

 

 

နေပြည်တော်  စက်တင်ဘာ  ၁၃  


ကိုဗစ်-၁၉   ရောဂါ  ဓာတ်ခွဲအတည်ပြုလူနာ များနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို  တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊  ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင်  ကျန်းမာရေးစောင့်ရှောက်မှု  လုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊  ကျန်းမာရေး ဝန်ထမ်းများ၊     လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေး လျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက် အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့ မင်းဓမ္မ လမ်းရှိ တိုးချဲ့ကာကွယ်ဆေး သိုလှောင်ခန်းတွင် ထားရှိသည့် ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ် များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူး ပေးလျက်ရှိသည်။
           ထိုသို့ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးအလုံး ပေါင်း ၃၀၀၀၀၀၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့     ဆေးအလုံးပေါင်း   ၂၃၀၀၀၀၊ မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ဆေးအလုံး ပေါင်း ၁၁၈၀၀၀၊ ကရင်ပြည်နယ် ဘားအံမြို့သို့ ဆေးအလုံးပေါင်း  ၅၀၀၀၀၊   မကွေးတိုင်း ဒေသကြီးသို့ ဆေးအလုံးပေါင်း ၁၅၀၀၀၀ နှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ ဆေးအလုံး ပေါင်း   ၈၀၀၀၀ တို့ကို    မြေပြင်ခရီးလမ်း ကြောင်းမှ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့်     ဆက်လက် ပို့ဆောင်ပေးသည်။
ယင်းသို့ ပေးပို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉   ကာကွယ်ဆေးများကို   ဦးတည်အုပ်စု လူဦးရေ ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့  အမြန်ဆုံး  ထိုးနှံပေးနိုင်ရေး အတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ဝေးလံခက်ခဲ သော ဒေသများသို့ တပ်မတော်(လေ) ပို့ဆောင် ရေးလေယာဉ်များနှင့် မြန်မာ့လေကြောင်းတို့၏  အကူအညီများရယူကာ လေကြောင်းခရီးဖြင့် လည်း ဆက်လက်ဖြန့်ဖြူးပေးလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်