တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

 

နေပြည်တော်  ဇူလိုင်   ၂၁


ကိုဗစ်-၁၉   ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင် အဓိကကျသည့် ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊    ကျန်းမာရေး ဝန်ထမ်းများ၊    လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍ နိုင်ငံတစ်ဝန်း တွင် အင်တိုက်အားတိုက် ဆောင် ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင်     အထောက်အကူဖြစ် စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ် အအေးလမ်းကြောင်း  စံချိန်စံညွှန်း များအတိုင်း   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော် လေယာဉ်များ၊    ရဟတ်ယာဉ် များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများ ဖြင့်   ပို့ဆောင်ဖြန့်ဖြူးပေးလျက် ရှိသည်။    

 


ထိုသို့ ပို့ဆောင်ဖြန့်ဖြူးပေး လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်  မင်းဓမ္မလမ်း ရှိ   ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း ၌ ထားရှိသော ဆေးတစ်လုံးလျှင် လူငါးဦး  ထိုးနှံနိုင်သည့် Sinopharm နှင့်   myancopharm ဆေးများကို   ယနေ့တွင်  ကချင် ပြည်နယ်      မြစ်ကြီးနားမြို့သို့ myancopharm  ဆေး ၅၉၆၀ နှင့် ဆေးထိုးအပ်များ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)       လားရှိုးမြို့သို့ Sinopharm ဆေး ၇၄၅၆ လုံးနှင့် ဆေးထိုးအပ်များကို တပ်မတော်မှ လေယာဉ်များဖြင့်   ဆက်လက် ပို့ဆောင်ပေးသည်။

 


အဆိုပါ ကာကွယ်ဆေးများနှင့် ဆေးထိုးအပ်များကို   တိုင်းဒေသ ကြီးနှင့်    ပြည်နယ်များအလိုက် တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး သက်ဆိုင်ရာ            နေရာများသို့ ဆက်လက်        ဖြန့်ဖြူးပေးသွား မည်ဖြစ်ကြောင်း    သတင်းရရှိ သည်။

သတင်းစဉ်