တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

 

နေပြည်တော်    မေ     ၂၉


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေး     လုပ်ငန်းများတွင်     အဓိကကျသည့် ကိုဗစ်-၁၉   ရောဂါ  ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို   တပ်မတော်သား ဆရာဝန် များ၊    ကျန်းမာရေးဝန်ထမ်းများ၊     လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ နိုင်ငံတစ်ဝန်းတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေ ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို သတ်မှတ်အအေးလမ်းကြောင်း စံချိန် စံညွှန်းများအတိုင်း          တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ် များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery  Logistics            မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။    

 


ထိုသို့    ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်  မင်းဓမ္မလမ်းရှိ    ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုဆေးသိုလှောင်အအေးခန်းတွင် ထားရှိသည့်  ဆေးတစ်လုံးလျှင်  လူ  ၁၁  ဦး ထိုးနှံနိုင်သည့် Covishield၊ ဆေးတစ်လုံးလျှင် လူ  ငါးဦး  ထိုးနှံနိုင်သည့်  Sinopharm  နှင့် Myancopharm   အမှတ်တံဆိပ်    ကာကွယ် ဆေးများကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သို့ Sinopharm ၂၄၇၉၀ နှင့် ဆေးထိုးအပ်များ၊ ကယားပြည်နယ် လွိုင်ကော်မြို့သို့ Covishield ၉၁ လုံး၊ Sinopharm ၁၃၁၃ လုံး၊ Myanco-pharm ၆၀၀ နှင့် ဆေးထိုးအပ်များ၊ စစ်ကိုင်း တိုင်းဒေသကြီး  ကလေးမြို့သို့   Sinopharm ၆ဝဝဝ၊      Myancopharm   ၂၄၄ဝ    နှင့် ဆေးထိုးအပ်များ၊ ရခိုင်ပြည်နယ် သံတွဲမြို့သို့ Sinopharm ၂ဝ၉၅၅ လုံး၊ Myancopharn ၄၇၁၈  လုံးနှင့်  ဆေးထိုးအပ်များ၊  ရှမ်းပြည် နယ် (မြောက်ပိုင်း) လားရှိုးမြို့သို့ Sinopharm ၂၆၆၄၃ လုံး နှင့် ဆေးထိုးအပ်များ၊ ရှမ်းပြည် နယ် (အရှေပိုင်း) ကျိူင်းတုံမြို့သို့ Covishield ၂၃၁၄ လုံး၊ Sinopharm ၁၃၃၉၃ လုံး၊ Myan-copharm    ၂၆၂၀     နှင့်   ဆေးထိုးအပ်များ၊ ချင်းပြည်နယ်  ပလက်ဝမြို့သို့  Sinopharm ၂၀၉၀  နှင့်  ဆေးထိုးအပ်များ၊ ဟားခါးမြို့သို့ Sinopharm ၇၆၀၊ ဖလမ်းမြို့သို့ Sinopharm ၇၅၀   နှင့်  ဆေးထိုးအပ်များ၊   တီးတိန်မြို့သို့ Sinopharm ၄၄၂ လုံးနှင့် ဆေးထိုးအပ်များ၊ တွန်းဇံမြို့သို့ Sinopharm ၃၄၀ နှင့် ဆေးထိုး အပ်များကို တပ်မတော်မှ လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ပြီး တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။


သတင်းစဉ်