
ရန်ကုန် ဧပြီ ၂၃
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် လူနာများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာ ရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၌ ထားရှိသော ဆေးတစ်လုံးလျှင် လူ ၁၁ ဦးထိုးနိုင်သော Covishield၊ ဆေးတစ်လုံးလျှင် လူ ၁၀ ဦးထိုးနိုင်သော Covaxin၊ ဆေးတစ်လုံးလျှင် လူ ၁၀ ဦးထိုးနိုင်သော Astra Zenec ၊ ဆေးတစ်လုံးလျှင် လူ ငါးဦးထိုးနိုင်သော Sinopharm ၊ ဆေးတစ်လုံးလျှင် လူတစ်ဦးထိုးနိုင်သော Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယနေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့သို့ Covishield ၂၆၃၀၁ လုံး၊ Covaxin ၁၂၅၆၁ လုံး၊ Astra Zenec အလုံး ၅၀၀၀၊ Sinovac ၃၂၃၁၈၅ လုံး၊ ဆေးထိုးအပ် ၃၉၀၆၀၀၊ ရန်ကုန်မြို့သို့ Sinovac အလုံး ၆၇၅၃၀၊ ဆေးထိုးအပ် ၆၈၄၀၀၊ နေပြည်တော် ကောင်စီနယ်မြေသို့ Sinovac အလုံး ၁၈၄၀၀၊ ဆေးထိုးအပ် ၁၉၈၀၀၊ တောင်ကြီးမြို့သို့ Sinovac ၅၅၉၂၆ လုံး၊ ဘားအံမြို့သို့ Covishield ၅၁၃ လုံး၊ Astra Zenec အလုံး ၂၅၀၊ Sinovac ၁၉၄၅၂ လုံး၊ ဆေးထိုးအပ် ၂၁၆၀၀၊ မော်လမြိုင်မြို့သို့ Astra Zenec အလုံး ၅၀၀၀၊ Sinovac အလုံး ၉၅၈၇၀၊ ပဲခူးမြို့သို့ Covishield ၂၅၁၇၆ လုံး၊ Sinopharm ၂၂၆၈ လုံး၊ Astra Zenec အလုံး ၅၁၈၀၊ ဆေးထိုးအပ် ၂၁၂၄၀၀၊ ပြည်မြို့သို့ Covishield ၁၅၂၂၃ လုံး၊ Sinopharm ၃၂၀၇ လုံး၊ ဆေးထိုးအပ် ၁၉၆၂၀၀၊ ပခုက္ကူမြို့သို့ Covishield အလုံး ၉၁၀၊ ဆေးထိုးအပ် ၁၂၈၀၀၊ မကွေးမြို့သို့ Sinovac အလုံး ၁၂၃၅၃၀ တို့ကို မြေပြင်အအေးမပြတ်လမ်းကြောင်း Cold Chain Delivery Logistics မော်တော်ယာဉ်ကြီး များဖြင့် ဆက်လက်ဖြန့်ဖြူးပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်