
ရန်ကုန် ဖေဖော်ဝါရီ ၂၃
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ အား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို တပ်မတော်သား ဆရာ ဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း ၍ အင်တိုက်အားတိုက် ဆောင် ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူ ဖြစ်စေ ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ် အအေးလမ်းကြောင်း စံချိန် စံညွှန်းများအတိုင်း တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော် (လေ) မှ လေယာဉ် များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီး များဖြင့် ပို့ဆောင်ဖြန့်ဖြူးပေး လျက်ရှိသည်။
ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေး သိုလှောင် ခန်း၌ ထားရှိသည့် ဆေးတစ်လုံး လျှင် လူ ၁၀ ဦး ထိုးနိုင်သော Covaxin နှင့် Covid Shield အမှတ်တံဆိပ် ကာကွယ်ဆေး များကို ယနေ့တွင် ပို့ဆောင်ပေးရာ မြိတ်မြို့နယ်သို့ ကာကွယ်ဆေး ၂၀၂ လုံး၊ ကော့သောင်းမြို့နယ်သို့ ကာကွယ်ဆေး ၁၈၅ လုံး၊ တောင်ကြီးမြို့သို့ ကာကွယ်ဆေး ၈၀၀၀ နှင့် ကျိုင်းတုံမြို့သို့ ကာကွယ်ဆေး ၆၁၂ လုံး တို့ကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများနှင့် MNA လေကြောင်းလိုင်းတို့ဖြင့် ပို့ဆောင် ပေးခဲ့ပြီး တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း နှင့် သက်ဆိုင်ရာသို့ ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်