တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

 

နေပြည်တော်  ဒီဇင်ဘာ    ၂၆


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသ ကြီးနှင့်   ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေး လမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော် (လေ) မှ လေယာဉ်များ၊ Cold  Chain Delivery  And Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသည်။

 


ထိုသို့    ပို့ဆောင်ပေးလျက်ရှိရာ   ယနေ့တွင် ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနိုင်သော Sinovac ကာကွယ်ဆေးများနှင့် လူငါးဦးထိုးနိုင်သော Sino-pharm ကာကွယ်ဆေးများကို ဧရာဝတီတိုင်းဒေသ ကြီး၊ ပုသိမ်မြို့သို့ Sinovac ကာကွယ်ဆေး အလုံး ၃၀၀၀၀၀ နှင့် ဆေးထိုးအပ်များ၊ ရန်ကုန်တိုင်းဒေသ ကြီးသို့ Sinovac ကာကွယ်ဆေး အလုံး ၃၀၀၀၀၀၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့သို့ Sinopharm ကာကွယ်ဆေး အလုံး  ၂၅၆၀၀၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မုံရွာမြို့သို့ Sinopharm ကာကွယ်ဆေး အလုံး   ၁၂၄၆၀၊ နေပြည်တော်ကောင်စီနယ်မြေသို့ Sino-pharm ကာကွယ်ဆေး အလုံး ၁၆၀၀၀ နှင့် ဆေးထိုး အပ်များ၊  ရှမ်းပြည်နယ် (တောင်ပိုင်း)  တောင်ကြီး မြို့သို့ Sinopharm ကာကွယ်ဆေး အလုံး ၂၀၀၀၀၊ ကရင်ပြည်နယ်    ဘားအံမြို့သို့      Sinopharm ကာကွယ်ဆေး အလုံး ၁၄၄၀နှင့် Sinovac ကာကွယ် ဆေး အလုံး  ၁၅၀၀၀၊ မွန်ပြည်နယ် မော်လမြိုင်မြို့သို့  Sinopharm ကာကွယ်ဆေး အလုံး ၁၆၀၀၀ နှင့် ဆေးထိုးအပ်များ၊   ပဲခူးတိုင်းဒေသကြီး     ပဲခူးမြို့သို့ Sinovac ကာကွယ်ဆေး ၉၅၉၂၈ လုံးနှင့် ပြည်မြို့သို့ Sinovac ကာကွယ်ဆေး ၅၄၀၇၂ လုံး၊ မကွေးတိုင်း ဒေသကြီး မကွေးမြို့သို့ Sinovac ကာကွယ်ဆေး  အလုံး ၂၅၀၀၀ တို့ကို မြေပြင်ခရီးလမ်းကြောင်းမှ Cold Chain Delivery And  Logistics မော်တော်ယာဉ် ကြီးများဖြင့် ဆက်လက်ပို့ဆောင်ပေးရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


  သတင်းစဉ်