
နေပြည်တော် မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့ရှိ ပုသိမ်တက္ကသိုလ်နှင့် အစိုးရ နည်းပညာ အထက်တန်းကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနှင့် ချင်းပြည်နယ် အတွင်းရှိ တက္ကသိုလ်နှင့် ကောလိပ် ကျောင်းများ၌ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် သက်ဆိုင်ရာ တိုင်း စစ်ဌာနချုပ်များမှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ နှင့် ဒေသခံပြည်သူများက ကျောင်း ဝင်းများ အတွင်း/အပြင်ရှိ သစ်ပင် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီး ရေလာကောင်းမွန်စေရန် ရေနုတ် မြောင်းများ တူးဖော်ပေးခြင်းနှင့် အမှိုက်များ ရှင်းလင်းပေးခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေ မှုများကို သက်ဆိုင်ရာတိုင်းဒေသ ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများ နှင့် တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုအားပေး၍ လိုအပ် သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း သိရ သည်။
သတင်းစဉ်