တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များနှင့် တိုင်းစစ်ဌာနချုပ်များရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အကျနေ့ ပျော်ရွှင်စွာ ဆက်လက်ဆင်နွှဲ

 

နေပြည်တော်    ဧပြီ   ၁၄
မြန်မာသက္ကရာဇ်   ၁၃၈၄   ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းမည့်   မြန်မာ့ရိုးရာ  မဟာသင်္ကြန်ပွဲတော် အကျနေ့တွင် တိုင်းဒေသကြီးနှင့်   ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစား မဏ္ဍပ်များ၌   အရာရှိ၊   စစ်သည်၊    မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊   ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲ    ဆင်နွှဲသူများဖြင့်   စည်ကား သိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။
မဟာသင်္ကြန်အကျနေ့တွင်    တိုင်းဒေသကြီး နှင့်     ပြည်နယ်များရှိ     ရေကစားမဏ္ဍပ်များ၌ ယိမ်းအကအဖွဲ့များ၊    ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲ   ဆင်နွှဲသူများဖြင့်   စည်ကား သိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲကြရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန် ရှိသူများက  အတာသင်္ကြန် ယိမ်းအကအဖွဲ့များ၏ ယှဉ်ပြိုင်ဖျော်ဖြေမှုများကို    သွားရောက်ကြည့်ရှု အားပေး ပါဝင်ဆင်နွှဲကြသည်။
ထို့အပြင် နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့်  တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ   ရေကစားမဏ္ဍပ်၊   အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်များရှိ ရေကစား  မဏ္ဍပ်များ၊      အရှေ့အလယ်ပိုင်းတိုင်း  စစ်ဌာနချုပ်နှင့် တပ်နယ်များရှိ    ရေကစားမဏ္ဍပ်များ၊    တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နှင့်   တပ်နယ်များရှိ    ရေကစား မဏ္ဍပ်များ၊အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ် များရှိ   ရေကစားမဏ္ဍပ်များ၊  ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်များရှိ ရေကစားမဏ္ဍပ် များ၊   ရန်ကုန်တိုင်း    စစ်ဌာနချုပ်နှင့်    တပ်နယ်များရှိ ရေကစားမဏ္ဍပ်များ၊ အနောက်တောင်တိုင်း စစ်ဌာန ချုပ်နှင့် တပ်နယ်များရှိ ရေကစားမဏ္ဍပ်များ၊ အနောက်   ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်  တပ်နယ်များရှိ  ရေကစား မဏ္ဍပ်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့်    တပ်နယ်များရှိ  ရေကစားမဏ္ဍပ်များ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်နှင့်  မန္တလေးမြို့ရှိ   ရေကစားမဏ္ဍပ် များ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်များရှိ      ရေကစားမဏ္ဍပ်များ ၌   အတာရေသဘင်ပွဲဆင်နွှဲကြရာ   သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူး များနှင့် အဖွဲ့ဝင်များက သွားရောက်၍ အတာသင်္ကြန် ယိမ်းအကအဖွဲ့များ၏    ယှဉ်ပြိုင်ဖျော်ဖြေမှုများကို   ကြည့်ရှုအားပေးပြီး   ဂုဏ်ပြုဆုငွေများ  ပေးအပ်ကြ သည်။
ထို့အတူ   နေပြည်တော်လမ်းလျှောက်သင်္ကြန် နှင့် ရေပန်းဥယျာဉ်၊   လှေခွင်းတောင်  အပန်းဖြေစခန်း၊ ရန်ကုန်လမ်းလျှောက်သင်္ကြန်၊ မန္တလေးလမ်းလျှောက် သင်္ကြန်၊   ဧရာဝတီတိုင်းဒေသကြီး၊   ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေတို့၌ လည်း ကောင်း  ရခိုင်ပြည်နယ်   သံတွဲမြို့နယ်ရှိ   ငပလီ ကမ်းခြေ၊ စစ်တွေပွိုင့်   အပြန်းဖြေစခန်းနှင့်   ပွိုင့် ကမ်းခြေ၊    ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ  ဟိုက်ပါ ရေတံခွန်၊ ကွန်ဟိန်းရေပေါ်သင်္ကြန်၊ ခိုလမ်ရေပြာအိုင် နှင့်    နမ့်ဆောင်ဂဲအပန်းဖြေစခန်းများ   အပါအဝင် အပန်းဖြေနေရာများ၌လည်းကောင်း   လာရောက် အပန်းဖြေ     အနားယူနေသော   ပြည်သူများဖြင့် စည်ကားလျက်ရှိပြီး   စားသောက်ဆိုင်များ၊   ဒေသ ထွက်ကုန် ရောင်းချနေသောဈေးဆိုင်များ  ဖွင့်လှစ် ထားရှိကာ စည်ကားသိုက်မြိုက်လျက်ရှိသည်။
ရေသဘင်ဆင်နွှဲကြသူများအား    စတုဒိသာ အကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ပျော်ရွှင် စွာ ရေပက်ကစားခြင်းတို့ဖြင့် အတာရေသဘင်ပွဲတော် ကို ဆင်နွှဲကြသည်။
မဟာသင်္ကြန်အကျနေ့သည်     အများပြည်သူ   ရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ ရန်ကုန်မြို့ရှိ  ရွှေတိဂုံ စေတီတော်၊  မန္တလေး မြို့ရှိ    မဟာမြတ်မုနိဘုရားကြီး၊   နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတို့အပါအဝင်    နိုင်ငံတစ်ဝန်းရှိ   ဘုရားစေတီများ၌  ဘုရားဖူးပြည်သူများဖြင့်  စည်ကားလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်