
နေပြည်တော် ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကျနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစား မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကား သိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။
မဟာသင်္ကြန်အကျနေ့တွင် နေပြည်တော် ဇေယျာသီရိရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုရေကစားမဏ္ဍပ်၌ နိုင်ငံကျော် အနုပညာရှင်များနှင့် တေးသံရှင်များ၊ မိသားစု သင်္ကြန်ယိမ်းအကအဖွဲ့များက သီဆိုကပြဖျော်ဖြေကြ ရာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ အရာရှိ၊ စစ်သည်/မိသားစုများနှင့် အတူ ကြည့်ရှုအားပေးပြီး အတာရေသဘင်ပွဲတော်ကို အတူတကွဆင်နွှဲကြပြီး သီဆိုကပြဖျော်ဖြေကြသည့် အနုပညာရှင်များနှင့် ယိမ်းအဖွဲ့များအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။ အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်း အိမ်ထောင်သည်လိုင်းများအနီးရှိ စိန်ပန်းမိသားစုရေကစားမဏ္ဍပ်နှင့် မန်ကျည်းရိပ်မိသားစုရေကစား မဏ္ဍပ်တို့၏ ရေကစားမဏ္ဍပ်တို့၌လည်း ရေပက်ခံသူ များ၊ ရေပက်ကစားသူများဖြင့် အထူးစည်ကားလျက် ရှိပြီး မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များ၊ အနုပညာ ရှင်များနှင့် တေးသံရှင်များက တေးသီချင်းများ၊ ယိမ်း အကများဖြင့် သီဆိုကပြဖျော်ဖြေကာ ရေကစားမဏ္ဍပ် များတွင် စတုဒိသာများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကစား မဏ္ဍပ် အသီးသီးတို့၌ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ် တေးဂီတအဖွဲ့များ၊ အတာရေ သဘင်ပွဲဆင်နွှဲသူများ ဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ နှင့် တာဝန်ရှိသူများက အတာသင်္ကြန် ယိမ်းအကအဖွဲ့ များ၏ ယှဉ်ပြိုင်ဖျော်ဖြေမှုများကို သွားရောက်ကြည့်ရှု အားပေးပြီး ပါဝင်ဆင်နွှဲကြသည်။
ယင်းနောက် နေပြည်တော် တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ် အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ် အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစား မဏ္ဍပ်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်မန္တလေးမြို့ရှိ ရေကစားမဏ္ဍပ်များ၊ တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အတာရေသဘင်ပွဲဆင်နွှဲကြရာ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူး များနှင့် အဖွဲ့ဝင်များက သွားရောက်၍ အတာသင်္ကြန် ယိမ်းအကအဖွဲ့များ၏ ယှဉ်ပြိုင်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ကြ သည်။
ထို့ပြင် နေပြည်တော်လမ်းလျှောက်သင်္ကြန်နှင့် ရေပန်းဥယျာဉ်၊ လှေခွင်းတောင် အပန်းဖြေစခန်း၊ ရန်ကုန်လမ်းလျှောက်သင်္ကြန်၊ မန္တလေးလမ်းလျှောက် သင်္ကြန်တို့ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အထင်ကရနေရာများ၌ လာရောက် အပန်းဖြေအနားယူနေသော ပြည်သူများဖြင့် စည်ကားလျက်ရှိပြီး စားသောက်ဆိုင်များ၊ ဒေသ ထွက်ကုန်ရောင်းချနေသော ဈေးဆိုင်များ ဖွင့်လှစ် ထားရှိကာ စည်ကားသိုက်မြိုက်လျက်ရှိသည်။
ယင်းအပြင် ရေသဘင်ပွဲဆင်နွှဲကြသူများအား စတုဒိသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေး ခြင်း၊ ပျော်ရွှင်စွာရေပက်ကစားခြင်းတို့ဖြင့် အတာရေ သဘင်ပွဲတော်ကို ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိ သည်။ သတင်းစဉ်