
နေပြည်တော် မတ် ၆
တိုင်းဒေသကြီးနှင့် ပြည်နယ်များ ရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲ များကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော် ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက် ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက် မှ ယနေ့အထိ ပြင်ပလူနာ ၅၁၆၈၉ ဦး၊ အတွင်းလူနာ ၃၅၁၄ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူး များ၊ သူနာပြုများဖြင့် ကျန်းမာ ရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ် ပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာများ ကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင် ရွက်ပေးသည့်အပြင် ဆေးရုံတက် လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင် ပြေစေရန်အတွက် စီမံဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ လာရောက်ကုသမှုခံယူ လျက်ရှိသည့် လူနာများအနက် အကြီးစား ခွဲစိတ်ကုသရန်လိုအပ် သူ ၂၂၈၇ ဦး၊ အသေးစားခွဲစိတ် ကုသရန်လိုအပ်သူ ၁၂၂၉ ဦး၊ စုစုပေါင်း ၃၅၁၆ ဦးတို့ကို ခွဲစိတ် ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာ ရှိသည့် လူနာများကိုလည်း ပါရဂူ များ၊ ဆေးမှူးများဖြင့် အထူး ကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသည့် မွေးလူနာ များကို တပ်မတော်ဆေးရုံ အသီးသီးတွင် တက်ရောက်စေ လျက်ရှိပြီး ၎င်းတို့အနက် ၁၃ဝ၅ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ ကာ ၁၉၅၂ ဦးကို သာမန်မွေးဖွား ပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့ အထိ ကလေးငယ် ၃၂၅၇ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ သည်။
ထို့ပြင် မန္တလေးတိုင်းဒေသ ကြီး ပြင်လွင်ဦးမြို့ရှိ တပ်မတော် ဆေးရုံနှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ တပ်မတော်ဆေးရုံ တို့တွင် တက်ရောက်ကုသနေ သော ဒေသခံပြည်သူများအတွက် သွေးလိုအပ်ချက် မရှိစေရေး အတွက် ယနေ့နံနက်ပိုင်းတွင် သံဃာတော်များ၊ ဒေသခံပြည်သူ များနှင့် နယ်မြေခံတပ်မတော် သားများက စုပေါင်းသွေးလှူဒါန်း မှုများ ဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ ဒေသခံပြည်သူများ အား ဆေးကုသပေးနေမှုအခြေ အနေများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က သွားရောက်ကြည့်ရှုအားပေး ပြီး ဆေးရုံတက်ရောက်ကုသမှု ခံယူနေသော လူနာများအတွက် စားသောက် ဖွယ်ရာများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်