တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ မသိုးသင်္ကန်းတော်များ ရက်လုပ်ဆက်ကပ်လှူဒါန်း

 

နေပြည်တော်  နိုဝင်ဘာ  ၇
တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် တိုင်းစစ်ဌာနချုပ် များရှိ ဘုရား၊  စေတီ၊  ပုထိုးများ၌  မသိုးသင်္ကန်းများ   ရက်လုပ်ဆက်ကပ်လှူဒါန်းပွဲများ  ပြုလုပ်လျက်ရှိရာ  ယနေ့တွင်  ရှမ်းပြည်နယ်  (တောင်ပိုင်း)    တောင်ကြီး မြို့ရှိ  စူဠာမုနိလောကချမ်းသာ စေတီတော်ရင်ပြင်၌   လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ မဟာမုနိ   ရုပ်ရှင်တော်မြတ်ကြီး    ရင်ပြင်တော်ရှိ မိုးကောင်းဓမ္မာရုံနှင့်   ပြင်ဦးလွင်မြို့ရှိ  မဟာအံ့ထူး ကံသာဆုတောင်းပြည့်ဘုရားကြီးတို့၌ လည်းကောင်း    ကျင်းပကြရာ   ဆရာတော်ကြီးများ  အမှူးပြုသော  သံဃာတော်များ       ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီး ချုပ်များ၊  တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ရက်ကန်းပညာရှင်များ၊  စက်ချုပ် ပညာရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ဦးစွာ    တိုင်းဒေသကြီးနှင့်   ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊  တိုင်းစစ်ဌာနချုပ်များမှ  တိုင်းမှူး များက အခမ်းအနားများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။  
ထို့နောက်   ဆရာတော်၊   သံဃာတော်များ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တက်ရောက် လာကြသူများက  ရက်လုပ်ထားသော  မသိုးသင်္ကန်း တော်များနှင့်  ဘုရား၊  စေတီ၊  ပုထိုးများအား လှည့်လည်ပူဇော်ကြပြီး   ဗုဒ္ဓရုပ်ပွားတော်များကို  မသိုးသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဗုဒ္ဓါအဘိသေက အနေကဇာတင်ခြင်းများ ဆောင်ရွက် ကြသည်။ 
ယင်းနောက် ဆရာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသော  ပရိတ်တရားတော်များ  နာယူ ကြည်ညိုကြသည်။ 
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့်  တက်ရောက်လာကြ သူများက သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်း များနှင့်  နဝကမ္မအလှူငွေများ  ဆက်ကပ်လှူဒါန်း ကြပြီး   ဆရာတော်များထံမှ   အနုမောဒနာတရား နာကြားကာ  လှူဒါန်းမှုအစုစုတို့အတွက်  ရေစက် သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ  ဝန်ကြီးချုပ်များ၊  တိုင်းမှူးများနှင့်  တာဝန်ရှိသူများက  မသိုးသင်္ကန်း   ရက်လုပ်လှူဒါန်းပူဇော်ပွဲတွင်   ပါဝင် ခဲ့ကြသူများကို  ဂုဏ်ပြုဆုငွေနှင့်  ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ပြီး ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်းများ  ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။                                         သတင်းစဉ်