
နေပြည်တော် ဩဂုတ် ၇
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာ တော်ကြီးများအပါအဝင် လူမျိုး မရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွား များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ် ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အတွက် ဆေးနှင့်ဆေးပစ္စည်း များကို တပ်မတော်လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်း များနှင့် ကာကွယ်ဆေးထိုးနှံပေး ခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက် ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်မြို့နှင့် သီပေါမြို့အတွင်းရှိ သံဃာတော် များ၊ သာသနာ့နွယ်ဝင် သီလရှင် များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၂၇၀ ကို လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နှင့် ကလောမြို့တို့ရှိ သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များနှင့် ဒေသခံ ပြည်သူ ၂၆၄၁ ဦးကို လည်း ကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်ပေါင်း ငါးမြို့နယ် မှ သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် ပြည်သူစုစုပေါင်း ၁၅၀၈ ဦးကို လည်းကောင်း၊ မွန်ပြည်နယ်(အပေါ်ပုံ)နှင့် ကရင် ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၆ မြို့နယ်တို့မှ အသက် ၆၅ နှစ် နှင့် အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များနှင့် ပြည်သူ စုစုပေါင်း ၂၂၃၄၀ တို့ကို လည်း ကောင်း၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ခြောက် မြို့နယ်မှ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၂၈၀၀ တို့ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း လေးမြို့နယ်မှ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ သံဃာ တော်များ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ဒေသခံပြည်သူများ စုစု ပေါင်း ၈၀၀ တို့ကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၂၆ မြို့နယ်မှ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ သံဃာ တော်များ၊ ဒေသခံပြည်သူများနှင့် အကျဉ်းသား၊ အကျဉ်းသူ စုစု ပေါင်း ၁၁၅၆၄ ဦးတို့ကို လည်း ကောင်း၊ ရခိုင်ပြည်နယ်နှင့် ချင်း ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၂ မြို့နယ်မှ အသက် ၆၅ နှစ် နှင့်အထက် သက်ကြီးဘိုးဘွား များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၉၆၆၆ ဦးတို့ ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မြို့နယ်ပေါင်း ငါးမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူစုစုပေါင်း ၂၇၁၄ ဦးတို့ကို လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဏိ ရတနာရာမမြတောင် ကျောင်း တိုက်၊ သမ္မတစာချကျောင်း ဆရာ တော် ဘဒ္ဒန္တ အင်္ကုရ အမှူးပြုသည့် သံဃာတော် ၉၆ ပါးနှင့် အောင်မြေ သာစံမြို့နယ် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး)မှ သံဃာတော်အပါး ၅၀ အပါအဝင် မန္တလေး တိုင်းဒေသကြီးအတွင်း ခရိုင်ခုနစ်ခုရှိ မြို့နယ်များမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် တိုင်းရင်းသား ပြည်သူစုစုပေါင်း ၁၀၀၃၆ ဦးတို့ ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်လေးခုနှင့် ကရင်ပြည်နယ် သံတောင်ကြီး မြို့နယ်တို့ရှိ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၃၀၇၈၅ ဦးတို့ ကိုလည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးကြ သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ် များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေး ကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်