တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

 

 

နေပြည်တော်   ဩဂုတ်   ၄


တိုင်းဒေသကြီးနှင့်       ပြည်နယ် အသီးသီးရှိ      ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ    အပါအဝင် လူမျိုးမရွေး၊     ဘာသာမရွေး အသက်   ၆၅    နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊    ဌာန ဆိုင်ရာဝန်ထမ်းများ၊    တိုင်းရင်း သားပြည်သူများနှင့်    အကျဉ်း ထောင်များ၌   ပြစ်ဒဏ်ကျခံနေ သည့်   အကျဉ်းသား၊   အကျဉ်းသူ များကို     ကိုဗစ်- ၁၉   ရောဂါ ကာကွယ်ဆေး     ထိုးနှံနိုင်ရေး အတွက်     ဆေးပစ္စည်းများကို တပ်မတော်    လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများ ကို  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။


ထိုသို့  ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်         နေပြည်တော် ကောင်စီနယ်မြေ     အတွင်းရှိ မြို့နယ်ပေါင်း    ခုနစ်မြို့နယ်မှ အသက်   ၆၅   နှစ်နှင့်အထက်    သက်ကြီးဘိုးဘွားများ၊     ဌာန ဆိုင်ရာဝန်ထမ်းများနှင့်  ပြည်သူ စုစုပေါင်း   ၅၉၂၆ ဦး   တို့ကို   လည်းကောင်း၊   ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်ပေါင်း လေးမြို့ နယ်မှ     အသက် ၆၅ နှစ်နှင့် အထက်   သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ        ဝန်ထမ်းများ၊ တိုင်းရင်းသား    ပြည်သူများနှင့် အကျဉ်းထောင်တွင်   ပြစ်ဒဏ်ကျ ခံနေသည့် အကျဉ်းသား၊  အကျဉ်း သူ   စုစုပေါင်း   ၂၄၇၆ ဦးတို့ကို လည်းကောင်း၊    ရှမ်းပြည်နယ် မြောက်ပိုင်း       ကျောက်မဲမြို့ရှိ အသက်     ၆၅   နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူ    စုစုပေါင်း ၇၆၉   ဦးကို        လည်းကောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ     မြို့နယ်ပေါင်း       ကိုးမြို့နယ်မှ  သံဃာတော်များ၊   သာသနာ့နွယ် ဝင်   သီလရှင်များ၊  အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များနှင့်  ပြည်သူ စုစုပေါင်း ၁၁၂၉၂ ဦးကိုလည်းကောင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းအတွင်း   မြို့နယ်ပေါင်း သုံးမြို့နယ်မှ    သံဃာတော်များ၊ အသက်   ၆၅   နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူ စုစုပေါင်း ၁၀၈၆ ဦးကို     လည်း ကောင်း၊   မွန်ပြည်နယ်နှင့်  ကရင် ပြည်နယ်အတွင်းရှိ  မြို့နယ်ပေါင်း ၁၆ မြို့နယ်တို့မှ  အသက် ၆၅ နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များနှင့်    ပြည်သူ စုစုပေါင်း    ၁၁၇၀၀    တို့ကို လည်းကောင်း၊       တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၁၀ မြို့နယ်မှ  အသက် ၆၅ နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊    ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၅၀၈၈ ဦးတို့ကို    လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး   အတွင်းရှိ မြို့နယ်ပေါင်း ငါးမြို့နယ်မှအသက် ၆၅ နှစ်နှင့်အထက်    သက်ကြီး ဘိုးဘွားများ၊   သံဃာတော်များ၊ ဒေသခံပြည်သူများနှင့်   အကျဉ်း သား၊     အကျဉ်းသူ စုစုပေါင်း ၁၁၀၀ တို့ကို     လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း     ၂၆ မြို့နယ်မှ အသက်   ၆၅    နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊   သံဃာ တော်များ၊ ဒေသခံပြည်သူများနှင့် အကျဉ်းသား၊       အကျဉ်းသူ စုစုပေါင်း    ၈၁၅၂   ဦးတို့ကို လည်းကောင်း၊   ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ  မြို့နယ် ပေါင်း ၁၈ မြို့နယ်မှ အသက် ၆၅ နှစ်နှင့်အထက်  သက်ကြီးဘိုးဘွား များ၊  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း   ၈၆၆၀ တို့ကို လည်းကောင်း၊     စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ  မြို့နယ်ပေါင်း      ကိုးမြို့နယ်မှ       သံဃာတော်များ၊     အသက်    ၆၅    နှစ်နှင့်အထက်    သက်ကြီးဘိုးဘွားများ၊    ဌာန ဆိုင်ရာ  ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း   ၈၆၇၇   ဦးတို့ကို လည်းကောင်း၊      မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ   ခရိုင်ခုနစ်ခုရှိ မြို့နယ်များမှ     ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊   ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများနှင့် တိုင်းရင်းသားပြည်သူ  စုစုပေါင်း ၅၅၈၃ ဦးတို့ကို    လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး    အတွင်းရှိ မြို့နယ် ၁၈ မြို့နယ်မှ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွား များ၊ သံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၁၀၈၀၀   တို့ကို      လည်းကောင်း တပ်မတော်မှ   ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ  ကျန်းမာရေးဝန်ထမ်း များ၊       စေတနာ့ဝန်ထမ်းနှင့် အတူ  ပူးပေါင်းကာ  ကိုဗစ်- ၁၉ ရောဂါ   ကာကွယ်ဆေးထိုးနှံပေး ခြင်းများ      ဆောင်ရွက်ပေးကြ သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို   သက်ဆိုင်ရာ  တိုင်းဒေသ ကြီးနှင့်  ပြည်နယ်များမှ    ဝန်ကြီး ချုပ်များ၊ တိုင်းမှူးများနှင့် တာဝန် ရှိသူများက   သွားရောက်ကြည့်ရှု အားပေးကာ     လိုအပ်သည်များ ညှိနှိုင်း   ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်