တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော်  ဩဂုတ်   ၂

 


တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးရှိ  ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများအပါအဝင်  လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊  တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံ နေသည့်  အကျဉ်းသား  အကျဉ်းသူများကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေး ပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူ ပို့ဆောင်ပေးခြင်းနှင့်  ကာကွယ်ဆေးထိုးနှံပေးခြင်း များကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့   ဆောင်ရွက်လျက်ရှိရာ    ယနေ့တွင်  နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊  ဥတ္တရသီရိမြို့နယ်၊  ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်း မြို့နယ်နှင့် လယ်ဝေးမြို့နယ်များအတွင်းရှိ  အသက် ၆၅ နှစ်နှင့်အထက်  သက်ကြီးဘိုးဘွားများ၊   ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၄၃၇၆ ဦး တို့ကိုလည်းကောင်း၊   ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ဆန်မြို့ရှိ အသက် ၆၅ နှစ်နှင့်အထက်  သက်ကြီး ဘိုးဘွားများနှင့်      ဒေသခံတိုင်းရင်းသားပြည်သူ စုစုပေါင်း ၁၄၀  ကိုလည်းကောင်း၊       ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ ညောင်ရွှေမြို့၊ ကလော မြို့၊ ရပ်စောက်မြို့၊ ဖယ်ခုံမြို့၊ ဟိုပုံးမြို့၊  ဆီဆိုင်မြို့၊ ပင်လောင်းမြို့၊ ပင်းတယမြို့နှင့် ရွာငံမြို့တို့ရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူ စုစုပေါင်း ၃၅၄၈ ဦးကိုလည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မတ်မန်းမြို့၊ မိုင်းဖြတ်မြို့၊ မိုင်းဆတ်မြို့၊ တာချီလိတ်မြို့၊ မိုင်းတုံမြို့၊ မိုင်းခတ်မြို့၊ မိုင်းပျဉ်းမြို့နှင့် တုံတာမြို့တို့ရှိ ပြည်သူစုစုပေါင်း ၃၉၈၁ ဦးကိုလည်းကောင်း၊      မွန်ပြည်နယ် မော်လမြိုင်မြို့၊  သထုံမြို့၊  ကျိုက်ထိုမြို့၊ ဘီးလင်းမြို့၊ သံဖြူဇရပ်မြို့၊ မုဒုံမြို့၊  ရေးမြို့နှင့်  ကရင်ပြည်နယ် ဘားအံမြို့၊ လှိုင်းဘွဲ့မြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ မြဝတီ မြို့၊ ရွှေဂွန်းမြို့၊ ကျိုက်ဒုံမြို့များရှိ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များနှင့် ပြည်သူစုစုပေါင်း ၁၁၃၅၀  တို့ကိုလည်းကောင်း။

 


တနင်္သာရီတိုင်းဒေသကြီး       ထားဝယ်မြို့နယ်၊ ရေဖြူမြို့နယ်၊   ပုလောမြို့နယ်၊   ကျွန်းစုမြို့နယ်၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ မြိတ်မြို့ နယ်၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့နယ်၊ ကော့သောင်း မြို့နယ်၊ ခမောက်ကြီးမြို့နှင့် ဘုတ်ပြင်းမြို့နယ်များရှိ  အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊  သံဃာတော်များ၊   ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၄၅၉၁ ဦးတို့ကိုလည်းကောင်း၊   ရန်ကုန်တိုင်းဒေသကြီး       မင်္ဂလာတောင်ညွန့်မြို့နယ်၊   ဆိပ်ကြီးခနောင်တိုမြို့နယ်၊  တွံတေးမြို့နယ်၊  ကွမ်းခြံ ကုန်းမြို့နယ်၊    ကော့မှူးမြို့နယ်နှင့်   ဒလမြို့နယ်များရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊     ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း   ၁၄၅၀   တို့ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မအူပင်ခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်နှင့် ဖျာပုံ ခရိုင်များရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များနှင့် ပြည်သူစုစုပေါင်း ၈၇၈၀ တို့ကိုလည်းကောင်း၊ ရခိုင်ပြည်နယ် အမ်းမြို့ နယ်၊  စစ်တွေမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊   ရသေ့ တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊  မြောက်ဦး မြို့နယ်၊ မင်းပြားမြို့နယ်၊ သံတွဲမြို့နယ်၊  တောင်ကုတ် မြို့နယ်၊ မြေပုံမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တော မြို့နယ်၊ မောင်တောမြို့နယ်၊ ဂွမြို့နယ်နှင့် ကျောက်ဖြူ မြို့နယ်များရှိ အသက် ၆၅ နှစ်နှင့်အထက်  သက်ကြီး ဘိုးဘွားများ၊  ဌာနဆိုင်ရာဝန်ထမ်းများနှင့်   ပြည်သူ စုစုပေါင်း ၆၈၃၄ ဦးတို့ကိုလည်းကောင်း။

 


 မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊  ကျောက်ဆည်ခရိုင်၊  မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ အသက် ၆၅ နှစ်နှင့်အထက်  သက်ကြီးဘိုးဘွားများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူစုစုပေါင်း ၁၁၆၈၂ ဦးတို့ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး  နတ်တလင်းမြို့၊ သာယာဝတီမြို့၊  ဇီးကုန်းမြို့၊  ကြို့ပင်ကောက်မြို့၊ အုတ်ဖိုမြို့၊  မိုးညိုမြို့၊  လက်ပံတန်းမြို့၊  မင်းလှမြို့၊ ကျောက်ကြီးမြို့၊ မုန်းမြို့၊ နတ်သံကွင်းမြို့၊ ဝေါမြို့နှင့် ကရင်ပြည်နယ်  သံတောင်ကြီးမြို့တို့ရှိ  အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊  သံဃာတော် များ၊  ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၄၇၀၀ တို့ကိုလည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင် ရာ ကျန်းမာရေးဝန်ထမ်းများ၊   စေတနာ့ဝန်ထမ်း နှင့်အတူ ပူးပေါင်းကာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင် ရာ  တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ   ဝန်ကြီးချုပ် များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက  သွားရောက် ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

 


သတင်းစဉ်