တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ


 

နေပြည်တော်     ဧပြီ     ၂၆
တိုင်းဒေသကြီးနှင့်     ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊       သာသနာ့နွယ်ဝင်   သီလရှင်များ၊ ဘာသာရေး    ခေါင်းဆောင်များ        အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး    အသက်  ၄၀   အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသား    လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ  သူများ၊    ကယ်ဆယ်ရေးစခန်း များ၊   ယာယီတိုက်ပွဲရှောင်စခန်း များအတွင်းရှိ     ပြည်သူများ၊ အသက် (၁၂) နှစ်အထက် အခြေခံ ပညာအလယ်တန်းနှင့်   အထက် တန်းအဆင့်     ကျောင်းသား၊ ကျောင်းသူများစသည့်     ဦးတည် အုပ်စုများသတ်မှတ်၍ တပ်မတော် မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သူနာပြုများ၊  ကျန်းမာရေး      ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း    လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ  ယနေ့တွင်      ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ သံဃာတော်များ နှင့်    ဒေသခံပြည်သူ   ၂၄၃   ဦး၊ မွန်ပြည်နယ်နှင့်     ကရင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်တို့၌ သံဃာတော်များနှင့်     ဒေသခံ ပြည်သူ ၁၀၆၀၂ ဦး၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ      ရန်ကင်း မြို့နယ်နှင့်      တာမွေမြို့နယ်တို့၌ ဒေသခံပြည်သူ    ၈၉၃     ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ သံဃာတော် များနှင့် ဒေသခံပြည်သူ ၂၇၁၇၈ ဦး၊    ရခိုင်ပြည်နယ်နှင့်     ချင်း ပြည်နယ်အတွင်းရှိ       မြို့နယ် ၁၄  မြို့နယ်တို့၌  ဒေသခံပြည်သူ ၁၆၇၆၅  ဦး၊  စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်းရှိ ခန္တီးမြို့၌ ဒေသခံ ပြည်သူ ၂၃၁ ဦး၊ ပဲခူးတိုင်းဒေသ ကြီး   ထန်းတပင်မြို့နှင့်   မိုးညို မြို့နယ်တို့၌     ဒေသခံပြည်သူ ၃၅၀    ဦးတို့ကို    တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး       ဝန်ထမ်းများ၊  စေတနာ့ ဝန်ထမ်းများနှင့်ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးသည်။
ထိုသို့   ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ  တာဝန် ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး     လိုအပ်သည်များ ညှိနှိုင်း       ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်