တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ  ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

 

နေပြည်တော်    ဧပြီ      ၂၅
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင် များအပါအဝင်  လူမျိုးမရွေး    ဘာသာ မရွေး အသက် ၄၀ အထက် ဒေသခံ ပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ  များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါအခံရှိသူများ၊     ကယ်ဆယ်ရေး စခန်းများ၊  ယာယီတိုက်ပွဲရှောင်  စခန်း  များအတွင်းရှိ    ပြည်သူများ၊    အသက် (၁၂) နှစ်အထက် အခြေခံပညာအလယ် တန်းနှင့် အထက်တန်းအဆင့်ကျောင်း သား၊   ကျောင်းသူများ   စသည့်ဦးတည် အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊    ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက  ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို   ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၄ ရက်နှင့် ယနေ့တွင် ရှမ်းပြည်နယ်  (မြောက်ပိုင်း)   အတွင်းရှိ   မြို့နယ် ၁၄ မြို့နယ်တို့၌ ဒေသခံပြည်သူ ၈၂၀၈ ဦး၊  ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် နှင့် တာမွေမြို့နယ်တို့၌ ဒေသခံပြည်သူ ၆၆၀၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၃၄၅၀၂    ဦး၊    ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၃) မြို့နယ်တို့၌ ဒေသခံပြည်သူ  ၂၁၄၃၅  ဦး၊  စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်၌ ဒေသခံပြည်သူ ၁၁၈ ဦး၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခုမှ ဒေသခံပြည်သူ ၁၄၅၄၇ ဦးနှင့် ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် ၌    ဒေသခံပြည်သူ   ၇၀၅     ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊      စေတနာ့ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။
ထို့အတူ ကျောင်းသား၊ ကျောင်းသူ များကိုလည်း    ကိုဗစ်-၁၉      ရောဂါ ကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ဧပြီ   ၂၄   ရက်တွင်     ရှမ်းပြည်နယ် (မြောက်ပိုင်း)    အတွင်းရှိ      မြို့နယ် သုံးမြို့နယ်တို့၌              ကျောင်းသား၊ ကျောင်းသူ ၂၃၅ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို  သက်ဆိုင်ရာ         တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ  တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည် များ ညှိနှိုင်း ဆောင်ရွက်ပေးကြကြောင်း သတင်းရရှိသည်။                  သတင်းစဉ်