တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   ဧပြီ   ၂၀


တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင် များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး   ဘာသာမရွေး   အသက်  ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါအခံရှိသူများ၊   ကယ်ဆယ်ရေးစခန်း များ၊  ယာယီတိုက်ပွဲရှောင်စခန်းများ အတွင်း ရှိ     ပြည်သူများ၊    အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုး ခြင်း  လုပ်ငန်းများကို   ဆောင်ရွက်ပေးလျက် ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)  တာချီလိတ်မြို့၌ ဒေသခံပြည်သူ ၃၉၀၊  ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၌   ဒေသခံပြည်သူ ၃၂၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ     မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၂၁၉၅၈ ဦး၊ ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ကိုးမြို့နယ်၌    ဒေသခံပြည်သူ   ၃၉၄၁ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခု မှ ဒေသခံပြည်သူ ၃၄၁၀၀ နှင့် ပဲခူးတိုင်းဒေသ ကြီး   ထန်းတပင်မြို့နယ်၌   ဒေသခံပြည်သူ ၅၆၄ ဦးတို့ကို တပ်မတော်မှဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင် ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးသည်။

 


ထိုသို့       ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ   တိုင်းဒေသကြီးနှင့်   ပြည်နယ် များမှ     တာဝန်ရှိသူများက     သွားရောက် ကြည့်ရှုအားပေးပြီး          လိုအပ်သည်များ    ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း     သိရ သည်။


သတင်းစဉ်