တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   ဧပြီ   ၂ 


တိုင်းဒေသကြီးနှင့်     ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်  သီလရှင်များ၊ ဘာသာရေး  ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး၊ ဘာသာ မရွေး အသက်  ၄၀  နှင့်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊   နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်  စခန်းများ အတွင်းရှိ  ပြည်သူများ၊ အသက် ၁၂   နှစ်အထက်   အခြေခံပညာ အလယ်တန်းနှင့်   အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ များ   စသည့်ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ  ဆေး အဖွဲ့များ၊   ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊      သူနာပြုများ၊ ကျန်းမာရေး   ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း    လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁ ရက်နှင့် ယနေ့တွင်  ရှမ်း ပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ် ၁၅ မြို့နယ်တို့၌ ဒေသခံ ပြည်သူ ၆၂၇၇ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၁ မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၃၅၇ ဦး၊ ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ် ၌ ဒေသခံပြည်သူ    ၁၆၂၇၆ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ  မြို့နယ် ၉   မြို့နယ်၌  ဒေသခံပြည်သူ ၈၂၆၀၊   မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်ခုနစ်တို့မှ ဒေသခံ ပြည်သူ ၂၂၇၆ ဦးနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ   မြို့နယ် သုံးမြို့နယ်၌   ဒေသခံပြည်သူ ၃၈၀ တို့ကို  တပ်မတော်မှ   ဆေး အဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊    သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်      ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။

 


ထို့အတူ      ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ  ဧပြီ ၁ ရက် နှင့်   ယနေ့တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)   မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တို့၌    ကျောင်းသား ကျောင်းသူ ၇၈ ဦးတို့ကို တပ်မတော် မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊    သက်ဆိုင် ရာ     ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်- ၁၉ ရောဂါ   ကာကွယ် ဆေးထိုးနှံပေးသည်။

 


ထိုသို့ ဆောင်ရွက်ပေးနေမှုများ ကို သက်ဆိုင်ရာ  တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ တာဝန်ရှိသူများ က သွားရောက်ကြည့်ရှုအားပေးပြီး    လိုအပ်သည်များ    ညှိနှိုင်းဆောင် ရွက်ပေးကြောင်း    သတင်းရရှိ သည်။    

                 
သတင်းစဉ်