တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

နေပြည်တော်    ဩဂုတ်   ၂၉

 


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ  ထေရ်ကြီးဝါကြီး  ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး  အသက်(၆၅)နှစ်နှင့်အထက်    သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်း ထောင်များ၌    ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အတွက်   ဆေးနှင့် ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့်  သယ်ယူ ပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို  ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ တွင်    နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ် ငါးမြို့နယ်မှ ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း  ၁၇၂၅ ဦးနှင့် ကင်းသာ(၁/၂)ကုန်ထုတ် စခန်းများရှိ အကျဉ်းသား ၃၂၇ ဦးတို့ကို လည်းကောင်း၊  မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်မှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ၆၅ နှစ် နှင့်အထက်   သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၇၅၃၄ ဦးတို့ကိုလည်းကောင်း၊  ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ  မြို့နယ်အတွင်းရှိ သံဃာတော်များ၊ ၆၅  နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ  ဝန်ထမ်းများနှင့်  ပြည်သူ စုစုပေါင်း ၁၂၀၀ တို့ကိုလည်းကောင်း၊  ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်အတွင်းမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်း များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၃၅၈၂ ဦးတို့ကိုလည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ          မြို့နယ် ရှစ်မြို့နယ်အတွင်းမှ သံဃာတော်များနှင့် ဒေသခံပြည်သူ   စုစုပေါင်း ၁၉၇၆ ဦး၊ စစ်တွေမြို့နယ်နှင့် ပေါက်တောမြို့နယ် တို့ရှိ ကယ်ဆယ်ရေးစခန်းများမှ ဘင်္ဂါလီ လူမျိုး  ၈၂၄  ဦးတို့ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခုတို့မှ ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများ၊ ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ  စုစုပေါင်း  ၁၀၉၃၈  ဦးတို့ကို လည်းကောင်း၊    ပဲခူးတိုင်းဒေသကြီး အတွင်းရှိ  မြို့နယ် ရှစ်မြို့နယ်မှ သံဃာ တော်များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊  ဌာနဆိုင်ရာ  ဝန်ထမ်းများ နှင့်  ပြည်သူစုစုပေါင်း  ၄၁၅၀ တို့ကို လည်းကောင်း   တပ်မတော်ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်   ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို  သက်ဆိုင်ရာ   တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့်    တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ပေးခဲ့ကြကြောင်း သိရသည်။                  

 

       သတင်းစဉ်