တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   ဩဂုတ်   ၂၈


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်း သားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ် ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော်လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ် ဆေးထိုးနှံပေးခြင်းများကို          ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်    ရှမ်း ပြည်နယ်မြောက်ပိုင်း  လားရှိုးမြို့နှင့် နမ္မတူမြို့နယ် များအတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ အသက် ၆၅    နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊  ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၅၆၄ ဦးတို့ကို  လည်းကောင်း၊    ရှမ်းပြည်နယ်တောင်ပိုင်း အတွင်းရှိ မြို့နယ်လေးမြို့နယ်မှ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူစုစုပေါင်း ၂၆၀၁ ဦးတို့ကို  လည်းကောင်း၊ မွန်ပြည်နယ်အတွင်း ရှိ မြို့နယ် ၁၀ မြို့နယ်မှ သံဃာတော်များ၊ အသက်  ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊   ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၇၅၅၂ ဦး တို့ကိုလည်းကောင်း၊       ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ သံဃာတော်များ အသက်  ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၁၂၀၀  ဦးတို့ကို လည်းကောင်း၊   ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၂ မြို့နယ်အတွင်းမှ  ထေရ်ကြီး ဝါကြီး    ဆရာတော်ကြီးများ၊ အသက်  ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်း များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၂၆၈၆ ဦးတို့ကို  လည်းကောင်း၊ ရခိုင်ပြည်နယ် သံတွဲ မြို့နှင့်  ပုဏ္ဏားကျွန်းမြို့နယ်များအတွင်းရှိ သံဃာ တော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၇၃၂ ဦးနှင့် စစ်တွေမြို့နယ် သက္ကပြင်ကျေးရွာရှိ ကယ်ဆယ်ရေး စခန်းများမှ ဘင်္ဂါလီလူမျိုး ၂၄၉ ဦးတို့ကို  လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ခရိုင် ငါးခုတို့မှ ထေရ်ကြီးဝါကြီး    ဆရာတော်ကြီးများ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၉၄၄၈ ဦးတို့ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  မြို့နယ်ရှစ်မြို့နယ်မှ  သံဃာတော်များ၊ အသက် ၆၅ နှစ်နှင့်အထက်  သက်ကြီးဘိုးဘွားများ၊   ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၃၂၅၀ တို့ကို လည်း ကောင်း၊ တပ်မတော်မှဆေးအဖွဲ့များက   ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊  သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင် ရာ ပြည်နယ်မှတာဝန်ရှိသူများ၊     တိုင်းစစ်ဌာနချုပ် များမှ   တိုင်းမှူးများနှင့်      တာဝန်ရှိသူများက   သွားရောက်ကြည့်ရှုအားပေးပြီး ဘိုးဘွားများအား အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။

သတင်းစဉ်