တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

 

နေပြည်တော်    ဇန်နဝါရီ    ၂၄
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများစသည့်  ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်  စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို  ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက် ပိုင်း) အတွင်းရှိ မြို့နယ် သုံးမြို့နယ် ၌    ဒေသခံပြည်သူ   ၁၁၄၈ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ရှိ  မြို့နယ်ငါးမြို့နယ်၌  ဒေသခံ ပြည်သူ ၃၄၀၁ ဦး(ယာပုံ)၊ ရန်ကုန် တိုင်းဒေသကြီး  တာမွေမြို့နယ်၌ ဒေသခံပြည်သူ  ၆၈၀၊  ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၃၅၂၂၀၊   ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်  ရှစ်မြို့နယ်၌        ဒေသခံ ပြည်သူ ၈၀၁၅ ဦး၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုတို့ ၌ ဒေသခံပြည်သူ ၈၈၆၅ ဦးနှင့် ပဲခူးတိုင်းဒေသကြီး    တောင်ငူမြို့ နှင့်      ထန်းတပင်မြို့နယ်တို့၌ ဒေသခံပြည်သူ     ၆၂၈  ဦးတို့ကို တပ်မတော်မှ  ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ    ဆရာဝန် များ၊   သက်ဆိုင်ရာ  ကျန်းမာရေး ဝန်ထမ်းများ၊   စေတနာ့ဝန်ထမ်း များနှင့်   ပူးပေါင်း၍    ကိုဗစ်-၁၉  ရောဂါ   ကာကွယ်ဆေး   ထိုးနှံပေး သည်။ 
ထို့အတူ       ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉  ရောဂါ   ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ     ယနေ့တွင်  ရှမ်းပြည်နယ်       (အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ ၃၀၀၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ      မြို့နယ် ၂၆  မြို့နယ်တို့၌  ကျောင်းသား၊ ကျောင်းသူ ၄၅၀ တို့ကိုတပ်မတော် မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ   ဆရာဝန်များ၊   သက်ဆိုင် ရာ   ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးသည်။
ထိုသို့  ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ   တာဝန်ရှိသူများက သွားရောက်ကြည့်ရှု   အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သတင်း ရရှိသည်။                    သတင်းစဉ်