တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   ဇန်နဝါရီ  ၁၆


တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်   သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါ အဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံ ပြည်သူများ၊        အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊ နာတာရှည်ရောဂါအခံရှိသူ များ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်   စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် ၁၂   နှစ်အထက်    အခြေခံပညာ အလယ်တန်းနှင့်    အထက်တန်း အဆင့်   ကျောင်းသား ကျောင်းသူ များ    စသည့်ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေး အဖွဲ့များ၊   ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊    သူနာပြုများ၊ ကျန်းမာရေး   ဝန်ထမ်းများနှင့်  စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးနှံခြင်း   လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ  ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ ပိုင်း) မိုင်းပျဉ်းမြို့၌ ဒေသခံပြည်သူ ၂၉၀၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆  မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၃၃၅၅ ဦး၊ ရခိုင် ပြည်နယ်အတွင်းရှိ     မြို့နယ် လေးမြို့နယ်တို့၌ ဒေသခံ ပြည်သူ ၅၁၁၉ ဦး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင် ခုနစ်ခုတို့မှ ဒေသခံ ပြည်သူ ၆၆၁၀၀  နှင့် ပဲခူးတိုင်း ဒေသကြီး   ထန်းတပင်မြို့နယ်၌ ဒေသခံပြည်သူ     ၂၅၀   တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊    စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍   ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။ 

 


ထို့အတူ ကျောင်းသား ကျောင်း သူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ    ထိုးနှံပေး လျက်ရှိရာ ယနေ့တွင် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ       ၅၅၃    ဦးတို့ကို တပ်မတော်မှ   ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊   စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍  ကိုဗစ်- ၁၉   ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။

 


ထိုသို့    ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ   တာဝန်ရှိသူများက  သွားရောက်  ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။


သတင်းစဉ်