တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်  ဒီဇင်ဘာ    ၂၆


တိုင်းဒေသကြီးနှင့်         ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊  သာသနာ့နွယ်ဝင်    သီလရှင်များ၊ ဘာသာရေး     ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး    အသက်  ၄၀  အထက်  ဒေသခံပြည်သူများ၊ အကျဉ်းသား  အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသား     လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ  သူများ၊ ကယ်ဆယ်ရေးစခန်းများ၊  ယာယီတိုက်ပွဲရှောင်    စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် (၁၂)   နှစ်အထက်   အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ များ      စသည့်ဦးတည်အုပ်စုများ သတ်မှတ်၍         တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများ မှ   ဆရာဝန်များ၊   သူနာပြုများ၊ ကျန်းမာရေး      ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးနှံခြင်း       လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၅ ရက်နှင့် ယနေ့တွင် ရှမ်းပြည်နယ်    (မြောက်ပိုင်း)အတွင်းရှိ     မြို့နယ်   ရှစ်မြို့နယ် တို့၌   ဒေသခံပြည်သူ   ၅၀၄၇  ဦး (အောက်ပုံ)၊ ရှမ်းပြည်နယ် (အရှေ့ ပိုင်း) အတွင်းရှိ မြို့နယ် သုံးမြို့နယ် ၌ ဒေသခံပြည်သူ ၁၁၅၀၊ ဧရာဝတီ တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)  မြို့နယ်တို့၌    ဒေသခံပြည်သူ ၂၁၅၈၉ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်  ငါးမြို့နယ်တို့၌  ဒေသခံ ပြည်သူ    ၄၄၁၅    ဦး၊  မန္တလေး တိုင်းဒေသကြီးအတွင်းရှိ   ခရိုင် ခုနစ်ခုမှ ဒေသခံပြည်သူ ၈၄၅၀ နှင့် ပဲခူးတိုင်းဒေသကြီး ထန်းတပင် မြို့နယ်၌   ဒေသခံပြည်သူ    ၅၅၉ ဦးတို့ကို တပ်မတော်မှဆေးအဖွဲ့ များက     ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာ ရေး    ဝန်ထမ်းများ၊     စေတနာ့ ဝန်ထမ်းများနှင့်      ပူးပေါင်း၍ ကိုဗစ်-၁၉     ရောဂါ      ကာကွယ် ဆေးထိုးနှံပေးသည်။ 

 


ထို့အတူ        ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉   ရောဂါ  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ     ဒီဇင်ဘာ ၂၅ ရက်နှင့် ယနေ့တွင် ရှမ်းပြည် နယ်  (မြောက်ပိုင်း)  မိုးမိတ်မြို့ နယ်နှင့်                နမ့်ဆန်မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၇၇ ဦး၊  ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်         ၂၆  မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၇၂၂ ဦး တို့ကို   တပ်မတော်မှ   ဆေးအဖွဲ့ များက      ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊       သက်ဆိုင်ရာ ကျန်းမာရေး             ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးသည်။

 


ထိုသို့  ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ      တာဝန်ရှိသူများက သွားရောက်ကြည့်ရှု    အားပေးပြီး  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သတင်း ရရှိသည်။


  သတင်းစဉ်