
နေပြည်တော် ဩဂုတ် ၂၆
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား အကျဉ်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ သံဃာတော်များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၁၂၀၀ နှင့် အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ အကျဉ်းသား အကျဉ်းသူနှင့် အချုပ်သား အချုပ်သူ စုစုပေါင်း ၂၄၁၇ ဦးတို့ကိုလည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ရှစ်မြို့နယ်အတွင်းမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်း များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၁၃၀၉ ဦးတို့ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်ခြောက်ခုတို့မှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် ပြည်သူစုစုပေါင်း ၃၆၉၅ ဦးတို့ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ နှင့် မိုးညိုမြို့နယ်အတွင်းရှိ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာရာဝန်ထမ်းများ နှင့် ပြည်သူစုစုပေါင်း ၂၅၁ ဦးတို့ကိုလည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေး သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တိုင်းစစ်ဌာန ချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်