
နေပြည်တော် အောက်တိုဘာ ၂၉
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၅၅ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ် အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက် ပိုင်း)အတွင်းရှိ မြို့နယ် သုံးမြို့နယ် ၌ ဒေသခံပြည်သူ ၁၃၂၁ ဦး၊ ရှမ်း ပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ မြို့နယ် ငါးမြို့နယ်၌ ဒေသခံပြည် သူ ၁၇၄၉ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ထခအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်၌ ဒေသခံ ပြည်သူ ၁၆၀၄၃ ဦး၊ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ခုနစ် မြို့နယ်တို့၌ ဒေသခံပြည်သူ ၇၀၂၇ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံ ပြည်သူ ၁၉၈၂၂ ဦး၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၆၁၉၉ ဦး၊ စစ်ကိုင်း တိုင်းဒေသကြီး ခန္တီးမြို့၌ ဒေသခံ ပြည်သူ ၈၇ ဦး၊ မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ ခရိုင် ခုနစ်ခရိုင်တို့၌ ဒေသခံပြည်သူ ၈၇၂၀ နှင့် ပဲခူး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ်၌ ဒေသခံပြည်သူ ၂၇၅၅ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့သည်။
ထို့အတူ ကျောင်းသား ကျောင်း သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရေးနှင့် ကာကွယ် ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိ စေရေးတို့အတွက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၃၉၆၃ ဦး၊ ရခိုင် ပြည်နယ် ဘူးသီးတောင်မြို့၌ ကျောင်းသား ကျောင်းသူ ၂၀၆ ဦး၊ ချင်းပြည်နယ် ဟားခါးမြို့၌ ကျောင်းသား ကျောင်းသူ ၅၈၂ ဦး နှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင် ခုနစ်ခရိုင်တို့၌ ကျောင်းသား ကျောင်းသူ ၉၇၃၅ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာ ဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့်ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးနိုင် ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာမှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်