
နေပြည်တော် အောက်တိုဘာ ၁၉
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာ တော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာ ရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက်(၅၅)နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်း နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များ စသည့်ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ နှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံ
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် စစ်ကိုင်း မြို့ရှိ သီတဂူသံဃာ့ဆေးရုံ၌ ဒုတိယအကြိမ်အဖြစ် သံဃာအပါး ၅၀ နှင့် သီလရှင် ၃၇ ပါးတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။ ဆက်လက်၍လည်း စစ်ကိုင်းချောင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများမှ သံဃာတော်များ၊ သီလရှင်များနှင့် ဥပါသကာများ ကိုလည်းကောင်း၊ ပြည်မြို့ရှိ စင်္ကြာတောင်ကျောင်း တိုက်နှင့် ဇောတိကာရုံကျောင်းတိုက်တို့ရှိ သံဃာ တော်များအားလည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများကို ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း
အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါ မြို့နှင့် နောင်ချိုမြို့တို့၌ ဒေသခံပြည်သူ ၆၂၄ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ် နှစ်မြို့ နယ်၌ ၁၉၄ ဦး၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ်တို့၌ ဒေသခံပြည်သူ ၁၇၃၄ ဦး၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်နှင့် တာမွေမြို့နယ်တို့၌ ဒေသခံပြည်သူ ၅၆၃ ဦး၊ ရခိုင် ပြည်နယ် မြေပုံမြို့နယ်၌ ဒေသခံပြည်သူ ၁၈၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့ နယ်တို့၌ ဒေသခံပြည်သူ ၄၁၆၈၀ ၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခရိုင်တို့၌ ဒေသခံ ပြည်သူ ၁၇၄၂၀ နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ နှင့် ထန်းတပင်မြို့နယ်၌ ဒေသခံပြည်သူ ၃၆၅၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့အတူ ကျောင်းသား၊ ကျောင်းသူများ စာသင် နှစ် တစ်နှစ် နစ်နာမှုမရှိစေရေးအတွက် အခြေခံ ပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကျောင်းများဖွင့်လှစ်စဉ် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရေး တို့အတွက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၁၈ ရက်နှင့် ယနေ့တို့တွင် ကချင် ပြည်နယ် မြစ်ကြီးနားမြို့၌ ကျောင်းသား၊ ကျောင်းသူ ၁၈၃၀ ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နှင့် နောင်ချိုမြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၂၇၁ ဦး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၆၁၆ ဦး၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ငါးမြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၄၄၅၆ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သုံးမြို့နယ် တို့၌ ကျောင်းသား၊ ကျောင်းသူ ၈၀၂ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၁၅၇၁၃ ဦး၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၂၅၀၁၃ ဦး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင် ခုနစ်ခရိုင်တို့၌ ကျောင်းသား၊ ကျောင်းသူ ၂၄၅၈၀ နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူ မြို့နှင့် ပန်းတောင်းမြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၂၄၁၆ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင် ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ နှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ကြည့်ရှုအားပေး
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင် ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်