
နေပြည်တော် အောက်တိုဘာ ၁၇
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီး သီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါ အဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၅၅ နှစ်အထက် ဒေသခံ ပြည်သူများ၊ အကျဉ်းသား၊ အကျဉ်း သူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်း ရှိ ပြည်သူများ၊ အသက် ၁၂ နှစ် အထက် အခြေခံပညာအလယ် တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ် မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာ ဝန်များ၊ သူနာပြုများ၊ ကျန်းမာ ရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုး ခြင်းလုပ်ငန်းများကို အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက် ပိုင်း)အတွင်းရှိ ကျောက်မဲမြို့နှင့် နောင်ချိုမြို့တို့၌ ဒေသခံပြည်သူ ၂၁၇၉ ဦး၊ ရှမ်းပြည်နယ် (အရှေ့ ပိုင်း) အတွင်းရှိ မြို့နယ် သုံးမြို့ နယ်၌ ၁၄၈၁ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၅ မြို့နယ်တို့၌ ၄၂၇၁၈ ဦး၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်း ရှိ မြို့နယ် သုံးမြို့နယ်တို့၌ ၂၅၁၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး မြောက် ဥက္ကလာပမြို့နယ်နှင့် ကျောက် တန်းမြို့နယ်တို့၌ ၁၆၃၂ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့ နယ်တို့၌ ၄၅၂၂၃ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်း မာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
အလားတူ ကျောင်းသား၊ ကျောင်းသူများ စာသင်နှစ်တစ်နှစ် နစ်နာမှုမရှိစေရေးအတွက် အခြေခံ ပညာကျောင်းများကို ပြန်လည် ဖွင့်လှစ်နိုင်ရေး၊ ကျောင်းများဖွင့် လှစ်စဉ် ကျောင်းသား၊ ကျောင်းသူ များ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရေးနှင့် ကာကွယ် ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရေးတို့အတွက် ကျောင်း သား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ် ခုနစ် မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ ၁၁၁၀၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်၌ ကျောင်း သား၊ ကျောင်းသူ ၁၃၉၂၉ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ရှိ မြို့နယ် ငါးမြို့နယ်၌ ကျောင်း သား၊ ကျောင်းသူ ၁၉၄၇ ဦး၊ မွန် ပြည်နယ် မော်လမြိုင်မြို့နယ် အတွင်းရှိ ကျောင်းသား၊ ကျောင်း သူ ၆၀၀၀၊ တနင်္သာရီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ကိုးမြို့နယ် ၌ ကျောင်းသား၊ ကျောင်းသူ ၅၅၃၅ ဦး၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြောက်ဥက္ကလာပမြို့ နယ်နှင့် သန်လျင်မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၉၃၄ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိ မြို့နယ် ၂၆ မြို့နယ်၌ ကျောင်း သား၊ ကျောင်းသူ ၅၂၀၀၊ ရခိုင် ပြည်နယ်အတွင်းရှိ မြို့နယ် ၁၅ မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၃၅၁၂ ဦးနှင့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခရိုင်၌ ကျောင်းသား၊ ကျောင်း သူ ၃၆၈၂၉ ဦးနှင့် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၂၃ မြို့နယ်၌ ကျောင်းသား၊ ကျောင်း သူ ၃၂၁၃၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်