တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော် အောက်တိုဘာ  ၁၆


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌   တပ်မတော်မှ ဆေးအဖွဲ့များ၊   ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊  သူနာပြုများ၊  ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက    ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို   အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့   ဆောင်ရွက်လျက်ရှိရာ    ယနေ့တွင်လည်း  ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ    သီပေါမြို့နှင့်  နောင်ချိုမြို့တို့၌   ၁၃၅၉ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ   မြို့နယ်သုံးမြို့နယ်၌  ၁၈၁၅ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၅ မြို့နယ်တို့၌ ၇၆၉၅၈ ဦး၊  တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ   မြို့နယ် သုံးမြို့နယ် တို့၌ ၂၉၆၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ်တို့၌ ၁၇၀၈ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ၄၅၇၆၅ ဦး၊    ရခိုင်ပြည်နယ်အတွင်းရှိ      မြို့နယ် သုံးမြို့နယ်တို့၌ ၂၈၆၄ ဦး၊  စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့၌ ၁၅၀၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခရိုင်၌ ၆၀၃၂၄ ဦးနှင့် ပဲခူးတိုင်း ဒေသကြီး  ထန်းတပင်မြို့၌ ၁၃၃၅ ဦးတို့ကို တပ်မတော်မှဆေးအဖွဲ့များ က ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေး ပြီး   လိုအပ်သည်များ   ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း  သတင်း ရရှိသည်။

သတင်းစဉ်